နောက်ဆုံးသတင်း/ဆောင်းပါးများ

အမည်ခံ လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးမခံဘဲ ငါးဖမ်းသဖြင့် ငွေညှစ်ခံရ




MYARF
RB News
25.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ်တပ်၍ န.စ.က ကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ငါးဖမ်းခွင့် ပိတ်ပင် ထားပြီး၊ ငါးဖမ်းခွင့် ရရှိထားသူ များနှင့် အတူ လိုက်ပါသွားသော ငါးဖမ်းခွင့် ပိတ်ပင်ခံရသူ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်၍ န.စ.က ကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ဇူလိုင်လ (၁၂) ရက်နေ့မှ စ၍ ငါးဖမ်းခွင့် ပိတ်ပင် ထားခဲ့သည်။ စားဝတ်နေရေး ကျပ်တည်းမှုကို မခံနိုင်၍ စစ်ဆေးခံခဲ့သူ အချို့ကို ငါးဖမ်းခွင့် ပြန်လည် ပေးအပ် ထားပြီး၊ ၎င်းတို့နှင့် အတူ လိုက်ပါသွားသော ငါးဖမ်းခွင့် ပိတ်ပင်ခံထားရသူ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ ရွာကြီးရွာမှ ဦးအာမန်အုလ္လာ (ဘ) ဦးမာမတ် (အသက် ၅၀ နှစ်) ကို သြဂုတ်လ (၂၁) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် ဦးရော်ဖိတ်တို့က ကျောက်ပန္ဒူရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၇) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရုံးမှ G1 နှင့် တပ်ရင်းမှူးတို့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာသို့ ရောက်ရှိလာပြီး အာဏာပိုင်များ၏ သတင်းပေး ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးဟာဘီရာမန် တို့နှင့် တွေ့ဆုံပြီး၊ ငါးဖမ်း စက်လှေ အများအပြား ရှိသည့် အနက် စစ်ဆေးခံခဲ့သည့် စက်လှေ ပိုင်ရှင် (၃) ဦးကိုသာ ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ပြီး၊ ကျန်သည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ရလိုလျှင် ဦးရော်ဖိတ်ထံတွင် စစ်ဆေးခံပြီးမှ ပြန်လည် ရရှိမည်ဟု ပြောကြား သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုဟင်ဂျာ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ပိတ်ပင်ခံရသော်လည်း ဘင်္ဂလီ အမည်ဖြင့် လုံးဝ စစ်ဆေးခံမည် မဟုတ်ဟု ပြောဆို နေကြကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus