နောက်ဆုံးသတင်း/ဆောင်းပါးများ

အသက် ၁၈ နှစ် အရွယ် မိန်းကလေး တစ်ဦးကို BGP များက မဖွယ်မရာ ပြုလုပ်




Rohingya Eye
RB News
2.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာမှ အသက် (၁၈) နှစ် အရွယ် မိန်းကလေး တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ချုပ်နှောင်၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာမှ ဦးမာမတ်ရော်ရှိတ်၏ ၁၈ နှစ် အရွယ် သမီး ဖြစ်သူသည် အဖိုး ဖြစ်သူ၏ နေအိမ်သို့ သွားနေစဉ် န.တ.လ ရွာတွင် ကင်းစောင့် နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ခန္ဓာကိုယ်ကို ရှာဖွေ စစ်ဆေးခဲ့သည်။ ရှာဖွေ စစ်ဆေး၍ ဥပဒေနှင့် မလွတ်ကင်းသည့် အရာ တစ်ခုကိုမှ မရရှိ ခဲ့သော်လည်း ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ရာအိမ်မှူး တစ်ဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း ပြန်လည် လွှတ်မပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ဖန် အဆိုပါ မိန်းကလေး၏ မောင်ဖြစ်သူ အာဇီးဇ်ခါန်း (အသက် ၁၇ နှစ်) ကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လမ်းပေါ်တွင် လူမဆန် ရိုက်နှက် ခဲ့သည်။ အာဇီးဇ်ခါန်းသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး လမ်းမလျှောက် နိုင်တော့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အသက် ၁၈ နှစ် အရွယ် မိန်းကလေးကို သြဂုတ်လ ၃၀ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းကို မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် လိုင်စင်ရ လူဆိုးဂိုဏ်းများ သဖွယ် ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း၍ ငွေညှစ်ခြင်းများ နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက တားဆီး ဟန့်တား အရေးယူခြင်း မရှိဘဲ၊ နိုင်ငံတော်မှ ချမှတ် ထားသည့် မူဝါဒ သဖွယ် ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus