နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP များ၏ ရက်စက်မှုကြောင့် ဒေသခံ ရိုဟင်ဂျာ တစ်ဦး သေဆုံး



MYARF
RB News
18.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး၍ ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့ ရကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် (၃) နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ငါးစားကြူး ကျေးရွာ အုပ်စု ရွာသစ်မှ ဦးအာဘူတော်ယုဖ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၂၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးအာဘူတော်ယုဖ်ကို မုတ်ဆိတ်ရှိ၍ ဗလီဆရာဟု ပြောဆိုပြီး၊ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ရာ အခြေအနေ ဆိုးရွားလာသဖြင့် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကြိမ်ချောင်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ဦးအာဘူတော်ယုဖ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ယင်းနေ့ ညနေ (၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးအာဘူတော်ယုဖ်၏ ရုပ်အလောင်းကို ကြိမ်ချောင်း တိုက်နယ် ဆေးရုံတွင် ခွဲစိတ်ပြီး မိသားစုများထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus