နောက်ဆုံးသတင်း/ဆောင်းပါးများ

နံ့သာဒေါင်ရွာ အခြေစိုက် စစ်စခန်းမှ စစ်သားများက အကြောင်းမဲ့ ငွေညှစ်



Rohingya Eye
RB News
16.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ၊ နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ဒေသခံများထံမှ အကြောင်းမဲ့ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ဦးမောန်တာစ်အုလ္လာ (ဘ) ဦးဘော်ရှီးရ်အာမတ် နှင့်အတူ တော်လူသ်ဖူရှု ရွာသို့ သွားရောက်၍ ပုဇွန်ကန် စောင့်နေသည့် အစောင့်များ ဖြစ်သူ ဦးအဘူဆော်ယာဒ် (ဘ) ဦးယာကုပ် (အသက် ၃၀ နှစ်) နှင့် ဦးဆွေယာဒူ အစ္စလာမ် (ဘ) ဦးအဟာမတ် (အသက် ၃၅ နှစ်) တို့ထံမှ ငွေကျပ် ၁၂၀၀၀/- စီ အကြောင်းမဲ့ ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်သားများသည် အောက်တိုဘာလ (၁၀) ရက်နေ့တွင် လစ်သူရှားရွာသို့ သွားရောက်၍ ကင်းစောင့်နေသည့် ကင်းသမား (၈) ဦးကို ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ပြီး ကင်းသမားများ ထံမှ ငွေကျပ် ၅၆၀၀၀/- ကျော် တန်ဖိုးရှိ ကြက် (၈) ကောင် ယူခဲ့သည်။ စစ်သားများကို ကြက်တစ်ကောင်စီ ပေးရသည့် ကင်းသမားများမှာ -- ဦးဆုလ်တာန်အာမတ် (ဘ) ဦးဂူရာဆာန် (အသက် ၃၃ နှစ်)၊ ဦးကာလာမျာ (ဘ) ဦးရှော်ကူမော်ဒိန်း (အသက် ၂၈ နှစ်)၊ ရော်ဖိခ် (ဘ) ဦးမာမတ်ကော်ရီးမ် (အသက် ၂၃ နှစ်) တို့အပါအ၀င် စုစုပေါင်း (၈) ဦး ဖြစ်သည်။

နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ယခုရက်ပိုင်းတွင် ရွာများထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus