နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း တံတားမှ နယ်ခြားစောင့် ရဲများက ဆိုင်ကယ်စီး ခရီးသွားများကို ငွေညှစ်၊ ရိုက်နှက်




MYARF
RB News
12.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဆိုင်ကယ်စီး ခရီးသွား ရိုဟင်ဂျာ များကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၅) ရက်နေ့က မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာ ဦးကေဖာယာဒ်အုလ္လာသည် ၎င်း၏ ဆိုင်ကယ်ဖြင့် မောင်တော မြို့ပေါ်သို့ သွားနေစဉ် ညောင်ချောင်း တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရပ်ခိုင်း၍ ဆိုင်ကယ် လိုင်စင် စစ်ဆေးခဲ့သည်။ လိုင်စင် ရှိသော်လည်း ရဲတပ်ဖွဲ့ဝင် များက ငွေကျပ် နှစ်ထောင် တောင်းရာ၊ မပေးပါက ရန်မူကို စိုးရိမ် ရသောကြောင့် ငွေကျပ် နှစ်ထောင် ပေးခဲ့ရသည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရွာထွက် လက်မှတ် မပါဟု ဆိုကာ မောင်တောမြို့ပေါ်သို့ ပေးမသွားတော့ဘဲ ဒုညောင်ပင်ကြီး ကျေးရွာသို့ ပြန်ခိုင်း ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယင်းနေ့တွင်ပင် ဂေါ်ဒူသာရ ကျေးရွာမှ ဦးဆုလ်တာန် ကိုလည်း ဆိုင်ကယ်ဖြင့် မောင်တောမြို့ပေါ်သို့ သွားနေစဉ် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရွာထွက် လက်မှတ် တောင်းရာ၊ ယာယီ သက်သေခံ ကဒ်ပြားကို မှား၍ ပြမိသဖြင့် လူမဆန်စွာ ရိုက်နှက်၍ မောင်တောမြို့ပေါ်သို့ ပေးမသွားဘဲ ရွာသို့ ပြန်ခိုင်း ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ မောင်တော - အလယ်သံကျော် လမ်းတလျှောက်ရှိ ဘဂုံးနား ကင်းစခန်း၊ နူရူလ္လာ ကင်းစခန်း၊ ဂေါ်ဒူသာရ တံတား ကင်းစခန်း၊ သရေကုန်းဘောင် ကင်းစခန်း၊ ဇော်မတက် ကင်းစခန်း များမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် လမ်းမှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာ များကို ဆိုင်ကယ် လိုင်စင် စစ်ဆေးခြင်း၊ ရွာထွက် လက်မှတ်၊ ယာယီ ကဒ်ပြားနှင့် လက်ကိုင်ဖုန်း များတွင် နိုင်ငံခြား ဖုန်းနံပါတ် ရှိ/မရှိ စစ်ဆေး၍ ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus