ဒွိဟ၊ ဟာကွက်၊ မရိုးသားတဲ့ စိတ်သန္ဓေတွေနဲ့ ပြည့်နှက်နေတဲ့ Bangladesh-Myanmar Rohingya Repatriation Deal
ယုနိုင် (နည်းပညာတက္ကသိုလ်)
RB News
27.11.2017
ဘာပဲဖြစ်ဖြစ် မြန်မာ အစိုးရဟာ နိုင်ငံတကာ ဖိအားကနေ ခဏတာ သက်သာရာ သက်သာကြောင်း အတွက် ဘင်္ဂလားဒေ့ခ်ျ အစိုးရနဲ့ Rohingya Repatriation Deal တစ်ခုကို နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ချုပ်ဆို နိုင်ခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီသဘောတူညီချက်ဟာ မြန်မာအစိုးရ အတွက် ခဏတာ သက်သာရာ ရရုံကလွဲလို့ ဘယ် Stake Holder အတွက်မှ ရေရှည် အကျိုးကို ပေးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေက International Standard နဲ့ မကိုက်ညီတဲ့ အပြင် တကယ့်ကယကံရှင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ မိမိတို့မူလနေရာမှာ အခြေချ နေထိုင်နိုင်မယ့် အခြေအနေ မရှိလို့ပါဘဲ။
အစကနဦး ဘင်္ဂလားဒေ့ခ်ျက ၁၉၉၂ MoU ကို အပြောင်းအလဲ လုပ်မယ်၊ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ Five-points Proposal နဲ့ သွားမယ်ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့ပေမယ့်လည်း တကယ်တမ်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး တဲ့အချိန်မှာ အဲဒီအချက်တွေ မအောင်မြင်အောင် မြန်မာဘက်က ဖြောင်းဖြ နိုင်ခဲ့တယ်။ နောက်ပြီးစာချုပ်ထဲမှာ တစ်ချို့စာသားတွေကလည်း ပြတ်သားမှု မရှိပဲ ဒွိဟတွေဆောင်နေတယ်။ အဲဒါတွေဟာ မြန်မာအစိုးရအတွက် exit from crisis အဖြစ်လိုရင်လိုသလို ဆောင်ရွက်ပေးနိုင်မယ့် အနေအထားရှိနေတယ်။
ဥပမာ- ရိုဟင်ဂျာတွေကို မူလနေရာ (သို့) မူလနေရာနဲ့နီးတဲ့ သူတို့အကြိုက် နေရာတစ်နေရာရာမှာ ပြန်လာအခြေချခွင့် ပေးမယ်လို့ပါတယ်။ ဒီမှာသံသယ ဖြစ်စရာက သို့မဟုတ် ခံထားတဲ့ စကားပါဘဲ။ ဒီကနေ ဘာကို သုံးသပ်နိုင်သလဲဆိုရင် စီးပွားရေးအရ မဟာဗျူဟာ ကျတဲ့ ရိုဟင်ဂျာတွေရဲ့ မူလနေရာတွေဆို ပြန်ပေး အခြေချခွင့် ပြုမှာ မဟုတ်သလို မြို့ပေါ်ရပ်ကွက် ရခိုင်အိမ်တွေနဲ့ ရောနှော တည်ရှိတဲ့ ရိုဟင်ဂျာ အိမ်တွေကိုလည်း ပြန်မပေးချင်တဲ့ သဘောလို့ သုံးသပ်နိုင်တယ်။ Returnees shall not kept longer in temporary shelter ဆိုတဲ့အချက်ကလည်း ရိုဟင်ဂျာတွေကို ယာယီစခန်းတွေမှာ ထားမယ့်သဘောကို အသေအချာ မီးမောင်းထိုးပြနေလေရဲ့။ နောက်ပြီး ပြန်ဝင်လာတဲ့သူတွေကို NVC card တွေ တစ်ခါတည်း ထုတ်ပေးမယ်ဆိုတာလည်း Deal ထဲမှာ အတိအလင်းဖော်ပြထားတာတွေ့ရတယ်။ NVC ဘာလဲဆိုတာ သိပ်ပြီးရှင်းပြနေစရာ မလိုပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသား နိုင်ငံသားကနေ နိုင်ငံခြားသား အဖြစ်ပြောင်းပစ်မယ့် ထောင်ချောက် ဆိုရင်မမှားပါဘူး။ ၂၀၁၅ ခုနှစ်မှာ စခဲ့တဲ့ NVC ကိုရိုဟင်ဂျာတွေ ငြင်းပယ်နေတာ အခုအချိန်ထိပါဘဲ။
အကြမ်းဖက်မှု၊ ပြစ်မှုကျူးလွန်မှုတွေနဲ့ ငြိစွန်းခဲ့တဲ့ ပြန်ဝင်လာသူတွေ အရေးယူခံရမည် ဖြစ်ကြောင်းကိုလည်း သဘောတူညီချက်မှာ ဖော်ပြထားတယ်။ ဒီနေရာမှာ ပြဿနာက ရိုဟင်ဂျာတွေအတွက် မြန်မာ့တရားစီရင်ရေး ကဘာအာမခံချက်မှ မရှိတာပါဘဲ။ ဒါကဘာဖြစ်နိုင်သလဲဆိုရင် Rohingya Community ထဲက Influential ရိုဟင်ဂျာတွေကို ပုဒ်မတွေတပ်ပြီး ရိုဟင်ဂျာတို့ဘဝ ပြန်နလန်မထူနိုင်အောင် နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်မယ့် အချက်ပြမှုပါဘဲ။ ဥပမာ ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ များစွာသော အပြစ်မဲ့ ပြည်သူတွေကို ကြက်တွေလို လိုက်ဖမ်းပြီး မတရားပြစ်ဒဏ်တွေ ချမှတ်ခဲ့ခြင်းဟာ မမေ့နိုင်တဲ့ သက်သေသာဓကတွေပါ။
စိတ်ဝင်စားစရာ အချက်က Universal Human Rights နဲ့ဆန့်ကျင်တဲ့ တစ်ခြား Community အပေါ် ခွဲခြားဆက်ဆံမှု (discriminatory) ဖြစ်စေမယ့် Policy ကို စိတ်ကူးပုံဖော်မှု၊ အကောင်အထည်ဖော်မှုတွေကို ရှောင်ကြဉ်ဖို့ အစိုးရနှစ်ရပ်စလုံးက သဘောတူကြောင်း လည်းပါတယ်။ ဒါနဲ့ဆက်စပ်တွေးယူနိုင်တာက အစကနဦး ဘင်္ဂလီ အကြမ်းဖက်သမားလို့ သုံးခဲ့ရာကနေ ဘင်္ဂလားဒေ့ခ်ျရဲ့ ကန့်ကွက်မှုကြောင့် ARSA အကြမ်းဖက်သမားလို့ မြန်မာအစိုးရက သုံးပေမယ့် ပုဂ္ဂလိက မီဒီယာတွေက အင်္ဂလိပ်လိုရေးရင်တစ်မျိုး၊ မြန်မာလိုရေးရင်တစ်မျိုး မီဒီယာကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး သုံးတတ်ကြတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာဘက်က ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ ခေါ်နေတာ နှစ်ပေါင်းများစွာရှိပါပြီ။ ဒီသဘောတူညီချက်အရ ရိုဟင်ဂျာတွေကို ဘင်္ဂလီခေါ်ခွင့် ရှိမှာမဟုတ်သလို ဘင်္ဂလီမဟုတ်တဲ့ မြန်မာနိုင်ငံထဲက မွတ်စလင်တွေကိုလည်း ဘင်္ဂလီ ဆိုတဲ့လူမျိုးနာမည်ကို အလွဲသုံးစားလုပ်ပြီး ခေါ်လို့ရမှာ မဟုတ်တော့ဘူး။ Universal Human Rights အရ လူမျိုးတစ်မျိုးဟာ မိမိတို့ကို မိမိတို့ ကြိုက်တဲ့နာမည်နဲ့ ခေါ်ခွင့်ရစေ့ချင်တယ်။ မကြိုက်တဲ့ နာမည်နဲ့ခေါ်ခွင့်၊ ညွန်းခွင့် မရှိပါဘူး။ ဒါပေမယ့်ဒီ Clause ကဘယ်လောက်ထိ အရေးပါအရာရောက်မလဲ ဆိုတာစောင့်ကြည့်ရဦးမှာပါ။ တစ်ချို့ အဓိကကျတဲ့ အချက်တွေဟာ Annan Commision အစီရင်ခံစာနဲ့ ဆန့်ကျင်ဘက်တွေရှိတယ်။ အဲဒါကို သဘောတူညီချက်ရဲ့ နောက်ဆုံးမှာ Annan Commission ရဲ့ Report ကိုအကောင်အထည် ဖော်မယ်လို့ ထည့်ထားတာဟာ အဓိပ္ပါယ် မရှိလှပါဘူး။
နိဂုံး
ဒီသဘောတူညီချက်ဟာ တကယ့်ပြဿနာ ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်စေမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေ လူ့ဂုဏ်သိက္ခာနဲ့ ပြန်နေထိုင်နိုင်ဖို့ ဘာအာမခံချက်မှ မပေးထားလို့ပါပဲ။ ဝေ့လည်ကြောင်ပတ် ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ဘဝကို တွန်းပို့နေခြင်းပါဘဲ။ ဘင်္ဂလားဒေ့ခ်ျ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ပိုပြီးလက်တွေ့ကျတဲ့ သဘောတူညီချက်ကို မြန်မာအစိုးရနဲ့ တည်ဆောက်နိုင်ပါမှ ပြဿနာ ပြေလည်ရာပြေလည်ကြောင်းကို ရောက်ရှိမှာဖြစ်ပါတယ်။