တို့ဘဝ
တို့ဘဝ
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
28.12.2014
ဖွင့်ဟခွင့်မဖန်
ဖွင့်ဟခွင့်မဖန်
ရင်ထဲကခံစားချက်မှန်
ပန်းချီတွေရေးဆွဲလို့
ဖွင့်ဟခွင့်ပေးပါ ...။
မေမေ
မေမေ
သားတို့ကိုထားရစ်ပြီး ဘယ်သွားနေ
ဟိုလူတွေမီးတင်ရှိုးတဲ့အိမ်ထဲမှာ
အမေ တစ်ခုခုလုပ်နေတာလား... ။
ဖေဖေ
ဖေဖေ
သားတို့ကိုထားရစ်ပြီး ဘယ်ပျောက်နေ
သေနတ်နဲ့ရောက်လာသူတွေနဲ့ လိုက်သွားတာလား ... ။
အမေ
အမေ
အမေ့ နို့ကို စိုးချင်လို့နေ
အဖေ
အဖေ့ရင်ခွင်ကို နားခိုချင်နေ
သို့ပေမယ့်
သားတို့နဲ့ ဝေးဝေး
ပျောက်ရင်းပျောက်နေဆဲ ...။
ခုတော့
ခုတော့
မေမေ မရှိတဲ့နေရာ
ဖေဖေမရှိတဲ့နေရာ
လူတွေပြောတတ်တဲ့ ထိုနေရာအမည်က
မိဘမဲ့ကလေးဂေဟာ
တို့ရိုဟင်ဂျာ
ကလေးတွေအတွက်လား ...။
အဖေလည်းမလာ အမေလည်းမလာ
အစ်ကိုနဲ့အစ်မတို့ကလည်း ဘယ်ကိုသွား
အရာရာမျှော်လင့်ခွင့်မဲ့နေတဲ့နေရာမှာ
တို့ရိုဟင်ဂျာကလေးများ
ဘဝနေ့ရက်များကို
သက်မဲ့ပန်းချီတွေထဲ
ခံစားချက်တွေကိုယ်စီထည့်လို့
မျက်ရည်တွေနဲ့ ရေးဆွဲနေရင်း
မိမိဘဝကို ဖြတ်သန်းနေရပါတကား ... ။