နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆွဲ၊ တင်၊ စစ် အစစ်ဆေးခံသူ များထံမှ ငွေကြေး ကောက်ခံမှုများ ပြုလုပ်



MYARF
RB News
14.1.2015

မောင်တော ။ ။ ​ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တွင် ယခင် န.စ.က လက်ထက်က ပြုလုပ်ခဲ့သည့် ဆွဲ၊ တင်၊ စစ် ကို ယမန်နေ့ကစပြီး စတင်လိုက်ပြီး ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်တွင် ယမန်နေ့က စ၍ ဆွဲ၊ တင်၊ စစ် အစီအစဉ် စတင်ခဲ့ရာ မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာတွင် ဓါတ်ပုံ ရိုက်ခ ၂၅၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၂၀၀၀ ကျပ်နှင့် နိုင်ငံခြား ထွက်သွား ပယ်ဖျယ် ၂၅၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက အစည်းအဝေး များတွင် ဓါတ်ပုံ ရိုက်ခပင် မယူဟု ပြောခဲ့သော်လည်း အမှန်တကယ် စတင်သည့် နေ့မှပင် စတင်၍ ငွေကြေး ကောက်ခံလျက် ရှိသည်။ ယမန်နေ့က မြင်းလွှတ်ရွာတွင် မကောက်ခံ ခဲ့သော်လည်း ယနေ့ ကောက်ခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မြင်းလွှတ် ကျေးရွာနှင့် အင်ဒင်း ကျေးရွာများတွင် ဓါတ်ပုံ ရိုက်ခ ၃၀၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ အပြောင်း အရွှေ့ ၈၀၀၀ ကျပ်စီ ကောက်ခံ ခဲ့ကြောင်း၊ အပြောင်း အရွှေ့များကို နယ်မြေ အတွင်းတွင် ပြောင်းရွှေ့ခွင့် ပေးသော်လည်း နယ်မြေခြားလျှင် ပြောင်းရွှေ့ခွင့် မပြုကြောင်း သိရသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာတွင်လည်း ယမန်နေ့က စတင်ခဲ့ပြီး နိုင်ငံခြား ထွက်သွား ပယ်ဖျက် ၁၀၀၀၀ ကျပ်၊ မွေးတိုး ၃၀၀၀ ကျပ်နှင့် အပြောင်း အရွှေ့ကို ၁၀၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB Nws သို့ပြောသည်။

ဆွဲ၊ တင်၊ စစ် ကို ယမန်နေ့က စ၍ စတင်လိုက်သော်လည်း ဒေသခံ အများစုက ပါဝင်ခြင်း မရှိကြောင်း၊ ယမန်နေ့က ကံပူးကျေးရွာသို့ ၀င်ရောက်၍ စစ်ဆေးရန် ကြိုးစားသော်လည်း ဒေသခံ တစ်ဦးမှ အစစ်ဆေး မခံခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus