နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံးကျေးရွာတွင် နှစ်ဖက် အသိုင်းအ၀ိုင်း တင်းမာမှုများ ဖြစ်လာရန် လှုံ့ဆော်မှုများ ပြုလုပ်



MYARF
RB News
14.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု၊ န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများနှင့် ရခိုင် အစွန်းရောက် များက နှစ်ဖက် အသိုင်းအ၀ိုင်း အတွင်း ပြဿနာ ပေါ်ပေါက် လာစေရန် လှုံ့ဆော်မှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု၊ န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းကို ရိုဟင်ဂျာများက မီးရှို့ရန် လာသည်ဟု လုပ်ကြံ ဖန်တီးမှုများ ပြုလုပ်ခဲ့သည်။ န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီး များနှင့် ရခိုင် အစွန်းရောက် အချို့က ဘုန်းကြီးကျောင်း၏ ခြံစည်းရိုး အနီးတွင် ကောက်ရိုးဖြင့် ပြုလုပ် ထားသည့် အရုပ်များ တွေ့ရှိသည်ဟု ဆိုကာ အော်ဟစ်၍ န.တ.လ ရွာသားများ အားလုံးကို ဘုန်းကြီးကျောင်း၌ စုရုံးစေခဲ့သည်။ ထို့နောက် လောင်းဒုံး ကျေးရွာရှိ ကင်းစခန်းနှင့် ငါးခူရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ စခန်းတို့ကို အကြောင်းကြားခဲ့ရာ နယ်မြေမှူး ရဲမှူး သီဟန်နှင့် အဖွဲ့ ချက်ချင်း ရောက်ရှိလာပြီး န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ညလုံး ကင်းစောင့် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘုန်းကြီးကျောင်းနှင့် န.တ.လ ရွာအတွင်းတွင် မသင်္ကာစရာ ၀င်ထွက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ကောက်ရိုးဖြင့် ပြုလုပ် ထားသည့် အရုပ်များ တွေ့ရှိသည်ကို ရိုဟင်ဂျာများက ဘုန်းကြီးကျောင်းကို မီးရှို့မည်ဟု လုပ်ကြံ ဖန်တီး၍ ကျေးရွာ အုပ်စု အတွင်းရှိ နှစ်ဖက် အသိုင်းအ၀ိုင်း အတွင်း တည်ငြိမ် အေးချမ်း နေသည့် အခြေအနေကို တင်းမာမှုများ ဖြစ်ပေါ်လာ စေရန် တမင် ရည်ရွယ်၍ ဖန်တီးခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ယခုကဲ့သို့ လုပ်ကြံ ဖန်တီးများ ပြုလုပ်ပြီး ဒေသခံ ရိုဟင်ဂျာ များကို မတရား စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်။

မောင်တောမြို့တွင် နှစ်ဖက် အသိုင်းအ၀ိုင်း အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိပြီး၊ ဆွဲ၊ တင်၊ စစ် စတင်သည့် အချိန်တွင် အာဏာပိုင်များက နောက်ကွယ်က မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် ပြုလုပ်ခြင်းလားဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။

Comment ရေးရန်

Rohingya Exodus