March 13, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင်ရှိ မတရား နှစ်ရှည် ထောင်ဒဏ် ကျခံရသည့် အကျဉ်းသားများထဲမှ နှစ်ဦး သေဆုံး



MYARF
RB News
14.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ အကျဉ်းထောင်တွင် မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်ကျ ခံနေရသည့် အကျဉ်းသား များထဲမှ ယခု ဇန်န၀ါရီလ အတွင်း နှစ်ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ၌ မောင်တော မြို့နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ကျေးရွာ အများအပြားမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ရခိုင်လူမျိုး များ၏ နေအိမ်များ မီးရှို့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး၊ ရှေ့နေ ငှားရမ်းခွင့် မပြုဘဲ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ဘူးသီးတောင် အကျဉ်းထောင်တွင် လူမဆန်စွာ နှိပ်စက်မှုများကို RB News ၌ ၂၀၁၃ ဖေဖော်ဝါရီလ (၉) ရက်နေ့က အသေးစိတ် ဖော်ပြခဲ့သည်။ (ဤနေရာတွင် ရှု -- http://bit.ly/152S5bG)

ဘူးသီးတောင်ရှိ အကျဉ်းထောင်တွင် လူမဆန်စွာ ရက်စက်မှုကြောင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး၊ အချို့သူ၏ အလောင်းများကို မိသားစုများထံ အကြောင်းမကြားဘဲ အာဏာပိုင်များက သင်္ချိုင်းမဟုတ်သော နေရာများတွင် မြေမြှပ် သဂြိုဟ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယခုလည်း ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကြောင့် ဇန်န၀ါရီလ (၂) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မောင်တောမြို့နယ် ပဒင်းကျေးရွာမှ ဦးနော်ဇိရ်အာမတ် (ဘ) ဦးရှော်ဘိရ်အာမတ် (အသက် ၃၃ နှစ်)၊ ဇန်န၀ါရီလ (၄) ရက်နေ့ ညနေ ၅ နာရီတွင် မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာမှ ဦးဇော်နာလ်အူဒင်တို့ ထောင်တွင်း၌ သေဆုံးသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယခုလ အတွင်း သေဆုံး သွားသူ နှစ်ဦး၏ ရုပ်အလောင်းများကို မိသားစုများအား လာရောက်၍ ကြည့်ခွင့် ပေးသော်လည်း အလောင်းများကို ၎င်းတို့ နေရပ်သို့ သယ်ခွင့် မပေးဘဲ အကျဉ်းထောင် အနီးရှိ သင်္ချိုင်းတွင် သဂြိုဟ်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဆယ်ရက်ကြာ တရားဝင် လေ့လာရေး ခရီးရောက်ရှိ နေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee က ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များသို့ သွားရောက် လေ့လာရန် ရခိုင်ပြည်နယ် အစိုးရကို တောင်းဆို ခဲ့သော်လည်း လုံခြုံရေး အကြောင်းပြ၍ သွားခွင့် မပေးခဲ့ကြောင်း သိရသည်။ ဘူးသီးတောင် မြို့နယ်ရှိ အကျဉ်းထောင်ရှိ ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ သိရှိလျက် ရှိပြီး၊ အကယ်၍ ကုလ ကိုယ်စားလှယ်ကို ဘူးသီးတောင် မြို့နယ်သို့ သွားခွင့် ပေးမည်ဆိုပါက အကျဉ်းထောင်သို့ ၀င်ရောက်၍ စစ်ဆေးမည်ကို စိုးရိမ်၍ လုံခြုံရေး အကြောင်းပြပြီး သွားခွင့် မပေးခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus