နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများရဲ့ သမိုင်းအကျဉ်းချုပ် (ရိုဟင်ဂျာ ဘာသာစကားဖြင့်)



RB News
20.1.2015

၁၉၇၈ ခုနှစ်ဝန်းကျင်က အစိုးရ ပညာသင်ကျောင်းများမှာ သင်ကြားတဲ့ ပထ၀ီဝင် ဘာသာရပ်မှာ မြန်မာနိုင်ငံမှာ မြေပုံမှာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ အရပ်ဒေသကိုတောင် ထင်ထင်ရှားရှား ပြသပြီး ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခံ ခဲ့ရပေမယ့် ၁၉၈၂ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ပြောရင်တောင် အရေးယူခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။

ပညာသင်ကြားခွင့် ကန့်သတ်၊ သွားလာ လှုပ်ရှားခွင့် ကန့်သတ်၊ ရိုဟင်ဂျာ ဆိုရင် အကျဉ်းထောင် ထဲက အကျဉ်းသားတွေ ထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခံရလာတော့ ရိုဟင်ဂျာတွေ အကြားမှာ သမိုင်းကြောင်းကို ဖြန့်ဝေဖို့ အခွင့်မသာ ခဲ့ဘူး။

အင်တာနက်ဆိုတာကို ကမ္ဘာမှာ နေရာဒေသ မရွေး သုံးလို့ရနေပေမယ့်လည်း ရခိုင်ဒေသက ရိုဟင်ဂျာတွေ အနည်းငယ်သာ အခွင့်ရနေပြန်တယ်။ ဒါ့ကြောင့် အင်တာနက် သုံးနိုင်သူများက မသုံးနိုင်သူများထံ ဒီအသံဖိုင်ကို လက်ဆင့်ကမ်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ရိုဟင်ဂျာ ဆိုတာ အာရ်ကာန် ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ဆိုတာ ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ မိမိတို့ရဲ့ သမိုင်းကြောင်း အမှန်ကို လေ့လာကြပါ။

ဤအသံဖိုင် ဖြစ်မြောက်လာအောင် အဖက်ဖက်မှ ကူညီပေးသူများကို RB Team မှ အထူး ကျေးဇူးတင်ပါကြောင်း။




Comment ရေးရန်

Rohingya Exodus