March 31, 2025
နောက်ဆုံးသတင်း/ဆောင်းပါးများ
ရိုဟင်ဂျာသတင်း
မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...
မြန်မာသတင်း
ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...
ဆောင်းပါး
ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...
ဘလောဂါများ
ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...
ကမ္ဘာ့သတင်း
ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...
ကြေညာချက်များ
ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...
ရိုဟင်ဂျာသမိုင်း
ရိုဟင်ဂျာဝီကီ
အစ္စလာမ်ဝီကီ
ဒီဇမ္ဗူ ကျွန်းက မနုဿ ဖြစ်အင်
ဒီဇမ္ဗူက မနုသား ငါ
ရေးသားသူ - ယျာတင် (MYARF)
RB News
20.1.2015
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဖိနှိပ်​မှုရာသီဥတု​အောက်​မှာ ငါ့ကို​မွေး​လေ​တော့ 
ငါ့ခန္ဓာကိုယ်​က ထင်​သလိုမဖွံ့ဖြိုးခဲ့ဘူး။ 
ရှုရှိုက်​​နေရတဲ့ ​သွေး​ငွေ့ရော​အောက်​စီဂျင်​​က 
ငါ့နှလုံးသားကို သန့်​စင်​​ပေးမ​နေ​တော့ 
ခန္ဓာကိုယ်​မှာ ​သောက​တွေငြိလို့ 
ဝမ်းနည်​စရာ​တွေ အမြစ်​တွယ်​လာ​ခဲ့တယ်​ ...။ 
တစ်​ချို့က ဖိနှိပ်​ခံသံသရာမှာ​မျှော။ 
တစ်​မိုးတည်း​အောက်​​က မနုသားများအ​ကြောင်း 
ပြောရရင် အချိန်​ကုန်​သာအဖတ်​တင်​မယ်​။ 
စိတ်​ဓာတ်​ညံ့ဖျင်း​နေသူအချို့​ကြောင့် 
လျှံအန်​လာတဲ့ နှလုံးသားအက်​ကွဲသံ​တွေ 
နာကျင်​​​ရေရွတ်​သံ​တွေ 
သိမ်​ငယ်​ ငိုရှိုက်​သံ​တွေပဲ 
ငါ့နားရွက်​ကို အမြဲတိုက်​စား​နေ​လေတယ်​ ... ။
- ​​ရေခံ​မြေခံကောင်း​ပေမယ့် 
ညှဉ်းပန်းမှုရာသီဥတု​ပြင်းထန်​မှု​ကြောင့် 
မြေပြင်​နဲ့ ​လေဟာပြင်​တို့က 
ငါ့ကို ပိုင်​ဆိုင်​​နေ​ပေမယ့်
ငါတော့ ဘာကိုမှ ပိုင်​ဆိုင်​ခွင့်မရရှာဘူး။ 
စိမ်းလန်းတဲ့​မြေကြီးတစ်​ခွင်​မှာ 
မီး​တောင်​က ​ပေါက်​ကွဲ​နေ​လေ​တော့ 
ငါသာယာခဲ့ဖူးတဲ့ ပြည်​ကြီးလည်း 
ရစရာမရှိ​အောင်​ မျက်​နှာညိုး​နေရတယ်​။ 
လူသွားလာဖို့​ ဖောက်​တဲ့လမ်း​ပေါ်မှာ 
ငါ့အသွားအလာ​တွေ ကန့်​သတ်​​ခံ​နေရတယ်​။ 
ငြိမ်းချမ်းမှုပြယုဂ်​ဖြစ်​တဲ့ ဝတ်​ပြုအိမ်​​တော်​​တွေရဲ့ 
အဝင်​ဂိတ်​ဝမှာ ​သော့ခ​လောက်​ကြီးကြီးမားမား 
ဆင်​မြန်းထား​ရလေတယ်​။ 
ချိန်​ခွင်​လျှာ တစ်​ဖက်​​စောင်း​ဖြစ်​​နေတာ 
ချိန်​ခွင်​လျှာရဲ့ အပြစ်​လား 
ချိန်​ခွင်​လျှာ ထိန်းသိမ်းသူရဲ့ အပြစ်​လား 
ငါ့မှာ ​ဝေဖန်​ဖို့အခွင့်သာမ​နေပြန်​ပါဘူး ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဘောလုံးပွဲတစ်​ပွဲလည်း မဟုတ်​ဘဲနဲ့ 
ဘက်​လိုက်​ခံရတဲ့ မိနစ်​​တွေ 
ငါ့ဘဝမှာ နှစ်​များဖြစ်​လာခဲ့တယ်​။ 
ကြိုးဝိုင်းထဲ မဝင်​ချင်​တဲ့သူကိုမှ 
အတင်းဆွဲ​ခေါ်ပြီး ပွဲပြိုင်​​စေ​လေ​တော့ 
ငါ့မှာ သ​ရေပွဲ​တောင်​ ​မျှော်​လင့်ခွင့်မသာခဲ့ဘူး။ 
ဥပ​ဒေမဲ့ အနိုင်​ယူသူရဲ့ ​လှောင်​ရယ်​သံ​အောက်​မှာ 
ငါ့​မျှော်​လင့်ချက်​​တွေ တစ်​စစီမ​ကြေမွဖို့ပဲ 
အားတင်​ထားရတဲ့ အထဲ 
ငါ့​မျက်​ရည်​​တွေလည်း 
တစ်​ခါတစ်​ခါ ​သွေးစက်​ဖြစ်​လာခဲ့တယ်​။ 
ဒါ​ပေမယ့် ငါ လဲ​နေရာက အမြဲထပြဖို့ကြိုးစားမိပါရဲ့ ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ရက်​စက်​မှုရာသီဥတု​ပြင်းထန်​မှု​ကြောင့် 
ငါ့ပညာ​ရေးအသီး​တွေ မှည့်လာခွင့် 
ငါ့​မျော်​လင့်ချက်​ပန်းပွင့်တွေ ​ဝေဆာခွင့် 
ငါ့လူသားဂုဏ်​သိက္ခာတွေ သာယာခွင့် 
ဘာအခွင့်မှ ငါ့ဘက်​ကရပ်​တည်​မ​နေဘူး။ 
အရာရာတစ်​ဖက်​သတ်​ဖိနင်းခံရမှု​ကြောင့် 
ငါ့နှလုံးသားနုနု​လေး​ထဲ 
အမာရွတ်​​​ပေါင်းများစွာ သ​န္ဓေတည်​လာတာ 
ထူး​တော့မထူးဆန်းပါဘူးထင်​ပါရဲ့။ 
ငါ့နှလုံးသားထဲကအမာရွတ်​တွေ 
တစ်​ဆစ်​ဆစ်​နာကျင်​လာတဲ့အခါ 
မှေးစက်​ခွင့်ရဖို့ ရင်​ခွင်​တစ်​ခုရယ် 
ဘာလို့ ဒီဇမ္ဗူတစ်​ခွင်​မှာ 
ငါ့အတွက်​ ရှား​ပါးနေရတာ​လဲ ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဓား၊ ​သေနတ်​ တို့ရဲ့ အစာဖြစ်​ခဲ့ရတဲ့ဇီဝန်​များ 
လောင်​ကျွမ်းသွားခြင်းခံရတဲ့ အသက်​များ 
ပင်​လယ်​ငါးစာ ဖြစ်​ခဲ့ရတဲ့ ခန္ဓာများ 
သိက္ခာဆယ်​ဖို့ ​ပေးဆပ်​ခဲ့ရတဲ့​သွေးစက်​များ 
မတရားသဖြင့် ​လှောင်​ပိတ်​ခံခဲ့ရမှုများ 
ခက်​ခဲစွာရှာ​ဖွေခဲ့တဲ့ တစ်​သက်​တာရိက္ခာများ 
တစ်​ခဏအတွင်း ညှစ်​ခံခဲ့ရမှုများ 
တစ်​ခဏအ​ပျော်​အတွက်​ တစ်​သက်​တာကို 
မညှာမတာ ရိုက်​ချိုးပစ်​ခြင်းခံခဲ့ရမှုများ 
မျှော်​လင့်ချက်​​ပေါင်းများစွာ အဆုံးသတ်​ခံခဲ့ရမှုများ 
မတရားအနိုင်​ကျင့်​ခံရမှု​ကြောင့် 
ကျခဲ့ရတဲ့မျက်​ရည်​များ 
စတဲ့ အ​ကြောင်းအရာ​များက 
ငါ့နှလုံးသား​ကျောက်​စာ စာမျက်​နှာမှာ 
နေ့စဉ်​နဲ့အမျှ ကမ္ဗည်းလာလာထိုး​နေ​တော့ 
လူမျိုးတုံးသတ်​ဖြတ်​မှုသမိုင်းစာအုပ်​ကလည်း 
ထူသထက်​ထူလာပါ​တော့တယ်​ ...။
ဖိနှိပ်​မှုရာသီဥတု 
ခွဲခြားမှုရာသီဥတု 
ရက်​စက်​မှုရာသီဥတု 
စတဲ့ အ​ရောင်​အနံ့ဆိုး​တဲ့ ရာသီဥတုများမှ 
လွတ်​လပ်​ပြီး ​အေးချမ်းသာယာတဲ့ 
တန်းတူပြီး ဂုဏ်​သိက္ခာပြည့်ဝတဲ့ 
ရာသီဥတု တစ်​ခု​ကို 
လှလှပပ ပုံ​ဖော်​ဖန်​တီးယူဖို့ 
အမာရွတ်ရင့်နေတဲ့ နှလုံးရည်​နဲ့ 
ရှေ့တိုးဖို့​ အခက်တွေ့​နေလည်း 
ရိုဟင်​ဂျာသား ငါ ဇွဲမ​လျှော့​ဘဲ 
ရှေ့သို့သာ ချီတက်​​နေ​​ဆဲပါ။
Comment ရေးရန်
Pages 22123456 »
Rohingya Exodus