နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ ၅၆၄ မှ တပ်ရေး ဗိုလ်ကြီးနှင့် အဖွဲ့က ဒေသခံ (၁၈) ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်




RB News
11.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း ၅၆၄ မှ တပ်ရေး ဗိုလ်ကြီး အောင်ကိုနှင့် အဖွဲ့က ခြင်းသမား ကျေးရွာ အုပ်စုမှ ဒေသခံများကို ခြိမ်းခြောက်သည့် အပြင် ဒေသခံ (၁၈) ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၀) သို့ ခမရ ၅၆၄ မှ ယူနီဖောင်းမဲ့ တပ်မတ်ေသား (၇) ဦးခန့် ရောက်ရှိလာပြီး၊ လူနေအိမ်များကို ခဲဖြင့်ပစ်ခြင်း၊ အိမ်များထဲသို့ ၀င်ရောက်ပြီး မြေဆီအိမ်များကို မီးရှို့ခြင်း၊ နေအိမ် တစ်အိမ်မှ အပ်ချုပ်စက် တစ်လုံးကို ဖျက်ဆီးခြင်း၊ မဆေနုရာ ဆိုသည့် အမျိုးသမီး တစ်ဦးကို ရိုက်နှက်ခြင်း၊ အိမ်များကို မီးရှို့မည် ပုံသဏ္ဍန် ပြုလုပ်၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အဆိုပါ ရပ်ကွက်မှ ဒေသခံ (၁၈) ဦးကို ခမရ ၅၆၄ မှ တပ်ရေး ဗိုလ်ကြီး အောင်ကိုနှင့် တပ်ခွဲမှူး တို့က ခြင်းသမား ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ဖမ်းဆီးပြီး တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူ (၁၈) ဦးကို မှောက်လဲခိုင်း ရော်ဘာတုတ်များဖြင့် နံနက် ၇ နာရီမှ မွန်းလွှဲ ၁ နာရီထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၇ နာရီထိ တစ်ကြိမ် တပ်ရေးဗိုလ်ကြီးနှင့် ဗိုလ်မှူး နှစ်ဦးက ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ထိုကဲ့သို့ လူမဆန်စွာ ရိုက်နှက်မှုကို မည်သည့် ဌာနဆိုင်ရာကိုမှ တိုင်ကြားခြင်း မပြုပါဟု ခံဝန်လက်မှတ် ထိုးခိုင်းသည့် အပြင် တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ဖမ်းဆီးခံရသူများကို အတင်းအဓမ္မ ထမင်းကျွေးခိုင်း ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရပြီး လူမဆန်စွာ ရိုက်နှက်ခံရသူ များမှာ --

(၁) မိုဟာမတ်အနိုဝါရ် (ဘ) ဦးအဒူရှကူရ် အပါအ၀င် မိသားစု (၂) ဦး
(၂) ဂျာဘဲရ် (ဘ) ဦးမိုဟာတ်ဆွေယာဒ် အပါအ၀င် မိသားစု (၆) ဦး
(၃) မာမတ်အာမီးန် (ဘ) ဦးအာဘူအာမတ် အပါအ၀င် မိသားစု (၅) ဦး
(၄) ရှုနာမျာ (ဘ) ဦးအဒူရှကူရ်၏ ကလေး (၂) ဦး
(၅) ဒေါ်ဟာမီဒါ (ဘ) ဦးဘော်ရှီရ် အပါအ၀င် မိသားစု (၂) ဦး
(၆) ဒေါ်ဆာဂျေဒါ (ကိုယ်ဝန် ၈ လ ဖြင့်) -- တို့ဖြစ်သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူး ဦးအာရောဖ် အပါအ၀င် ရာအိမ်မှူး (၃) ဦးလည်း ရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus