နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲအုပ်တိုးတိုး၏ ကားဖြင့် တိုက်မိသောကားကို လျော်ကြေး မပေးသည့်အပြင် ငွေသိန်း ၇၀ ညှစ်



RB News
11.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုး စီးနှင်လာသည့် ကားဖြင့် ဒေသခံ တစ်ဦး၏ ကားကို တိုက်မိခဲ့ရာ လျော်ကြေး မပေးသည့် အပြင် ကားတိုက် ခံရသည့် ကားပိုင်ရှင်ထံမှ ငွေကျပ် သိန်း ၇၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၇) ရက်နေ့က မောင်တောမြို့နယ် ကညင်တန်း ကျေးရွာမှ SAS ရွှေဆိုင်ပိုင်ရှင် ဦးအာမီးရ်ဂျူဟာရ် (အသက် ၅၅ နှစ်) ပိုင်ဆိုသည့် Canta အမျိုးအစား ဒိုင်နာကားသည် ကုန်ပစ္စည်းများ တင်၍ မြို့ထဲမှ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာသို့ တိုင်းရင်းသား လမ်းအတိုင်း မောင်းနှင် သွားနေစဉ် မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုး၏ Surf အမျိုးအစား မှန်လုံကားသည် အလယ်သံကျော်မှ မြို့ပေါ်သို့ မောင်းနှင်နေပြီး ဂေါ်ဒူသာရ ကျေးရွာ အရောက်တွင် ဦးအာမီးရ်ဂျူဟာရ်၏ Canta အမျိုးအစား ဒိုင်နာကားကို တိုက်မိခဲ့သည်။ ကားတိုက်မိပြီးနောက် ဒိုင်နာကားကို အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ ထိန်းသိမ်းထားခဲ့ပြီး ဆက်လက် မောင်းနှင်ခွင့် မပြုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကားတိုက်မှုတွင် ရဲအုပ်တိုးတိုး၏ Surf ကား၏ အမှား ဖြစ်သော်လည်း ဒိုင်နာကားကို လျော်ကြေး ပေးမည့်အစား ဒိုင်နာကား ပိုင်ရှင် ဦးအာမီးရ်ဂျူဟာရ်က လျော်ကြေး ငွေအဖြစ် ငွေကျပ် သိန်း ၇၀ ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရဲအုပ်တိုးတိုး၏ ကားသည် လိုင်စင်မဲ့ ကားတစ်စီးဖြစ်ပြီး ကာလတန်ဖိုး အားဖြင့် ငွေကျပ် သိန်း ၃၀ ဖြစ်ပြီး အကယ်၍ ဦးအာမီးရ်ဂျူဟာရ်၏ ကား၏ အမှားဖြစ်ခဲ့လျှင်လည်း ငွေကျပ် သိန်း ၃၀ သာ လျော်ရမည် ဖြစ်သည်။ သို့သော်လည်း ရဲအုပ်တိုးတိုးက ၎င်း၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ မတရားသဖြင့် ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ရဲအုပ်တိုးတိုးသည် နယ်ထိန်း ခေါင်းဆောင် တာဝန်ယူထားသည့် သက်တမ်း တစ်နှစ်ခွဲ အတွင်း ဇိမ်ခံကား သုံးစီး ပိုင်ဆိုင်လျက် ရှိပြီး၊ ၎င်းစီးသည့် ဆိုင်ကယ်မှာလည်း ကာလတန်ဖိုး အားဖြင့် ငွေကျပ် ၁၈ သိန်း ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ၎င်းသည် ဒေသခံ ရိုဟင်ဂျာများကို မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ပြီး ရရှိသည့် ငွေများဖြင့် ၀ယ်ယူ စုဆောင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus