နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ် မျိုးမြင့်သန်းက ငါးဖမ်းသမား (၄) ဦးထံမှ ငွေညှစ်၊ ပဲ့ထိန်းကို လူမဆန်စွာ ရိုက်နှက်



Rohingya Eye
RB News
14.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးသည် ဒုရဲအုပ်မျိုးမြင့်သန်းသည် ငါးဖမ်းသမား (၄) ဦးထံမှ ငွေညှစ်သည့် အပြင် စက်လှေပဲ့ထိန်းကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၁) ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ ကင်းစခန်းမှူး ဒုရဲအုပ် မျိုးမြင့်သန်းသည် ချောင်းကမ်းပါး သို့သွားရောက်၍ စက်လှေဖြင့် ငါးဖမ်းပြီး ပြန်လာသော ငါးဖမ်းသမား (၄) ဦးအား ခြိမ်းခြောက် အကျပ်ကိုင်ကာ ငွေကျပ် ၄ သောင်းစီ အတင်း အဓမ္မ ညှစ်ယူခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဖွေယာဇူလ်ဟောက် (ဘ) ဦးနူရူး (အသက် ၃၅ နှစ်)
(၂) ဦးအာယာတူလ္လာ (အသက် ၃၀ နှစ်)
(၃) ဦးဖာရုခ် (ဘ) ဦးလာလ်မာမတ် (အသက် ၃၄ နှစ်)
(၄) ဆော်ယာဒ်ဒူလ္လာ (ဘ) ဦးမာမတ်ဆလာမ် (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။

စက်လှေ ပဲ့ထိန်း ဦးအီနုစ် (အသက် ၄၀ နှစ်) ကို စက်လှေတွင် “နိုင်ငံတော် အလံထောင်ဖို့ ဘယ်က အမိန့်ယူလဲ” မေးမြန်းပြီး အများပြည်သူ ရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်သောကြောင့် ဦးခေါင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသလို ခြေထောက်နှင့် လက်မောင်းတွင်လည်း ဒဏ်ရာ ရရှိခဲ့သည်။ ရိုက်နှက်ခံရသူ ဦးအီနုစ်သည် ရရှိသည့် ဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်သုလိ အိပ်ရာမှပင် မထနိုင်တော့သည့် အခြေအနေတွင် ရှိနေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus