ရေသန့် ရရန် ရေကန် တူးဖော်သူများကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး ငွေညှစ်
Rohingya Eye
RB News
15.4.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ရေကောင်း ရေသန့် ရရှိရန် ရေကန် တူးဖော်နေသူများကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ၊ ဆောန်ကောတ်သာဘီးလ် ဖာရာတွင် ရေကောင်း ရေသန့် ရရှိရန် အခက်အခဲ ဖြစ်နေသောကြောင့် ရွာသားများ ပူးပေါင်းပြီး ရေကောင်းရေသန့် ရရှိရေး အတွက် ရေကန် တူးဖော်ရန် ရှိလ်ခါလီ ကျေးရွာမှ ဦးကာမာလ်ဟူစိန်း (ဘ) ဦးကော်ရီမူလ္လာ (အသက် ၃၅ နှစ်) အပါအ၀င် လူ (၁၁) ဦးကို ငွေကျပ် ၅ သိန်း ၅ သောင်းဖြင့် ကန်ထရိုက် ပေး၍ ခေါ်ဆောင် လာ၍ ရေကန် တူးဖော်လျက် ရှိသည်။
ဧပြီလ (၁၂) ရက်နေ့ နံနက် ၁း၃၀ နာရီ အချိန်တွင် နခေါင်းဒီးယား နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး အဆိုပါ ရေကန် တူးဖော်သူ (၁၁) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ကို ရွာရာအိမ်မှူး များဖြစ်သည့် ဂျာဟန်ဂိရ် (ဘ) ဦးဘာဆဲရ် (အသက် ၂၅ နှစ်) နှင့် ဦးနော်ဇီရ် (ဘ) ဦးမူဆောန်အာလီ (အသက် ၅၅ နှစ်) တို့ထံ ဧည့်စာရင်း တိုင်ကြားခဲ့ခြင်း မရှိသည့်အတွက်ဟု စွပ်စွဲ၍ ဖမ်းဆီးသော်လည်း၊ ဖမ်းဆီးခံရသူများက မိမိတို့သည် ဧပြီလ (၁၀) ရက်နေ့မှ (၁၇) ရက်နထေိ့ ဧည့်စာရင်း တိုင်ကြားခဲ့သည်ဟု ပြောဆိုနေကြသည်။ နုယ်ခြားစောင့် ရဲများကို ဧည့်စာရင်း တိုင်ကြားကြောင်း ရှင်းလင်း ပြောဆိုသော်လည်း ၎င်းတို့ကို တစ်ညလုံး ချုပ်နှောင်ထား ခဲ့သည်။ နောက်ဆုံးတွင် ပြန်လည် လွတ်မြောက် လာရေး အတွက် နယ်ခြားစောင့် ရဲများကို ငွေကျပ် လေးသိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။