နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်လှည့် အဖွဲ့က ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
16.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင် မြို့နယ် များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖွဲ့စည်းထားသော နယ်လှည့် အဖွဲက ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၈) မှ ဒုရဲအုပ်နှင့် ရသေ့တောင် မြို့နယ် အနောက်ပိုင်း ကိုးတန်းကောက် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တို့နှင့် အခြား ကင်းစခန်းများမှ နယ်ခြားစောင့် ရဲများဖြင့် ဖွဲ့စည်းထားသည့် နယ်လှည့်အဖွဲ့သည် ဧပြီလ (၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ သွားရောက်၍ ဘာဂူး (ဘ) ဘာဆာမီယာ (အသက် ၂၅ နှစ်) ကို ဖမ်းဆီးပြီး လွန်ခဲ့သည့် သုံးနှစ်က ဆောက်လုပ်ခဲ့သော အိမ်ကို ယခု အိမ်သစ်ဆောက်လုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် အဆိုပါ နယ်လှည့်အဖွဲ့သည် ဖေရာန် (ဘ) ဦးကော်လီမူလ္လာ (အသက် ၂၈ နှစ်) ၏ နေအိမ်သို့လည်း သွားရောက်၍ ၎င်းစုဆောင်း ထားသည့် သစ်များကို သိမ်းဆည်း ယူသွားသည့် အပြင် ငွေကျပ် တစ်သိန်း ငါးသောင်း တောင်းကြရာ ၎င်းတွင် လက်ငင်းငွေ ပေးရန် မရှိသဖြင့် ရပ်မိရပ် ဦးဆော်ယီဒူရာမန်အား ဖေရာန်ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ယူ၍ နယ်လှည့်အဖွဲ့သို့ ပေးရန် တာဝန်ပေးခဲ့သည်။

အဆိုပါ နယ်လှည့်အဖွဲ့သည် ၎င်းကျေးရွာအုပ်စု ရွာကြီးသို့ သွားရောက်ပြီး ဦးအာဘူလ်ဘာဆဲရ် (ဘ) ဦးဟာဘီအုလ္လာ၏ နေအိမ်သို့လည်း သွားရောက်ပြီး အိမ်ပြုပြင်ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus