April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော မြို့၊ မြို့မ ဗလီကြီး အရှေ့ဘက်ရှိ ဗလီပိုင် ဆိုင်ခန်းများ မီးလောင်




MYARF
RB News
13.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဆိုင်တန်း တစ်တန်း မေလ (၁၂) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် စတင်၍ မီးလောင်ကျွမ်း ခဲ့သည်။ ယူနိုက်တက် တည်းခိုခန်း၏ တောင်ဖက်၊ မြို့မ ဗလီကြီး၏ အရှေ့ဘက်ရှိ ဗလီပိုင် ဆိုင်ခန်းများ ဖြစ်သည်။ မီးစလောင်ချိန်တွင် မီးသတ်ကား တစ်စီး ရောက်ရှိလာခဲ့သော်လည်း တစ်ခဏတာ မီးငြိမ်းသတ်ပြီး ရေကုန်သွား၍ ပြန်သွားရာ အချိန်အတန်ကြာ မီးငြိမ်းသတ်မှု မရှိ ဖြစ်နေခဲ့သည်။ 

ည (၉) နာရီကျော်ခန့်တွင် မီးသတ် (၃) စီး ရောက်ရှိလာခဲ့သော်လည်း အင်တိုက်အားတိုက် မီးငြိမ်းသတ်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မီးလောင်ကျွမ်းသွားသည့် ဆိုင်များ၏ ပိုင်ရှင် အများစုမှာ ဒေသခံ ရိုဟင်ဂျာများ ဖြစ်သည်။ အနီးအနားရှိ ဒေသခံ ရိုဟင်ဂျာများကိုလည်း မီးငြိမ်းသတ် နိုင်ရန် အနားပင် ကပ်ခွင့် မပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ည (၁၀) နာရီ အချိန်တွင် စစ်တပ် ရောက်ရှိလာမှသာ မီးသတ်ကားများက မီးငြိမ်းသတ်ခဲ့သည်။ လောင်ကျွမ်း သွားသည့် ဆိုင်အများစုမှာ စားကုန်ဆိုင် ဖြစ်ပြီး၊ အိမ်သုံး ပစ္စည်း အရောင်းဆိုင်၊ အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်၊ ရွှေဆိုင်နှင့် အခြားဆိုင်များလည်း ပါဝင်သည်။ ဦးနူရ်ဟူဒါ (မောင်နီရွာ) နှင့် ဦးဖော်ယာစ် (အမှတ် (၅) ရပ်ကွက်) တို့၏ အိမ်သုံး ပစ္စည်း အရောင်းဆိုင် နှစ်ဆိုင်မှာ သိန်းထောင်ချီ နီးပါး တန်သည်ဟု ဒေသခံများက ဆိုသည်။ 

မီးလောင်ကျွမ်း ရခြင်း အကြောင်းရင်းကို မသိရှိရသော်လည်း ဦးနူရ်ဟူဒါ၏ အိမ်သုံး ပစ္စည်း အရောင်းဆိုင် အနီးမှ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

မီးလောင်ကျွမ်းနေစဉ် မီးသတ်ကားများက မီးမငြိမ်းသတ်သောကြောင့် မီးငြိမ်းသတ်ရန် သွားသည့် ရိုဟင်ဂျာ လူငယ် (၃) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မီးလောင်စဉ် အချိန်တွင် ရဲများနှင့် ဒေသခံ ရခိုင် အချို့က ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရှိရပါသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus