နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရ နယ်ခြားစောင့် ရဲများက ရိုဟင်ဂျာ နှစ်ဦးနှင့် ရခိုင်တစ်ဦး ဖမ်းဆီး



MYARF
RB News
27.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၁၅) ဦးခန့်သည် သြဂုတ်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် စံပယ်ကုံး ကျေးရွာသို့ သွားရောက်ပြီး ဥက္ကဌဟောင်း ဦးအဘူဂျော်မိလ် (ဘ) ဦးမုခ်တာရ်အာမတ် (အသက် ၄၂ နှစ်) ကို နေအိမ်မှ ဖမ်းဆီးပြီး၊ လူကုန်ကူး ပွဲစားဟု စွပ်စွဲကာ ငါးခူရ စခန်း၌ ချုပ်နှောင် ထားသည်။ 

ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲများသည် ဖားဝပ်ချောင်း ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးကာမာလ်ဟူစိန်းကို ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။ ဦးကာမာလ်ဟူစိန်းကို ဖားဝပ်ချောင်း ကျေးရွာမှ ဦးဆာလေအာမတ်နှင့် အမျိုးသမီး တစ်ဦးတို့ သတ်ဖြတ်ခံရမှုနှင့် ဆက်နွယ်မှု ရှိသည်ဟု ဆိုကာ လူသတ်မှုနှင့် စွပ်စွဲ၍ ဖမ်းဆီးခဲ့ဖြစ်ခြင်းသည်ဟု သိရသည်။ 

ဖမ်းဆီးခံရသူ နှစ်ဦးလုံးကို သြဂုတ်လ (၂၃) ရက်နေ့တွင် မောင်တော ရဲစခန်းသို့ ပို့ဆောင်၍ ဆက်လက် ချုပ်နှောင် ထားသည်။ 

သြဂုတ်လ (၂၂) ရက်နေ့တွင် အထက်ပြူးမ ကျေးရွာမှ ဦးမောင်ကျော်သာ (ဘ) ဦးအောင်ပိုက် (ရခိုင်လူမျိုး) သည် ဆိုင်ကယ်စီး၍ ငါးခူရ ကျေးရွာမှ ဖြတ်သန်း သွားနေစဉ် နယ်မြေ (၅) စခန်းမှ နယ်ခြားစောင့် ရဲများက မသင်္ကာ၍ ခေါ်ယူ စစ်ဆေးခဲ့ရာ WY မူးယစ်ဆေးဝါး ၅၀၀၀ လက်ဝယ် တွေ့ရှိခဲ့သဖြင့် ဖမ်းဆီး၍ ငါးခူရ စခန်းတွင် တစ်ည ချုပ်နှောင် ထားက သြဂုတ်လ (၂၃) ရက်နေ့တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ငါးခူရနှင့် ကံပြင် ကျေးရွာသည် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ WY မူးယစ်ဆေးဝါး ပို့ဆောင်သော အဓိက ဆိပ်ကမ်းများ ဖြစ်သည်။ ငါးခူရနှင့် ကံပြင်ကျေးရွာ (ရခိုင်ရွာ) သားများသည် ယခင်က ဂဏန်း ရှာဖွေ ရောင်းစားသူများသာ ဖြစ်ကြသည်။ ယခုအခါ WY မူးယစ်ဆေးဝါး လုပ်ငန်းဖြင့် ငွေကြေးချမ်းသာ လာကြသည်။ တာဝန်ကျ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက WY မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင်နေသည်ကို သိရှိသော်လည်း ဖမ်းဆီးခြင်း မရှိဘဲ လာဘ်ငွေရယူပြီး မသိဟန်ဆောင် နေကြသည်ဟု ဒေသခံများက ပြောပါသည်။ လာဘ်ငွေ မပေးသူများကိုသာ လိုက်လံ ဖမ်းဆီးလေ့ ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus