နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နယ်ထိန်းများက ငွေညှစ်နိုင်ရန် အတွက် ၂၀၁၂ ပုံစံဟောင်းကို ပြန်အသက်သွင်းနေ



MYARF
RB News
23.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့တွင် ၂၀၁၂ ခုနှစ် မတိုင်မှီ ကတည်းက တာဝန် ထမ်းဆောင် ခဲ့သည့် အရာရှိများ၊ ရဲဘော်များ တာဝန်ဖြင့် အခြားသော အရပ်ဒေသများသို့ ပြောင်းရွှေ့ သွားပြီးနောက်ပိုင်းတွင် နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုးက ၂၀၁၂ ခုနှစ် ရိုဟင်ဂျာ လူမျိုးများကို သတ်ဖြတ်ပွဲ နောက်ပိုင်းတွင် ရိုဟင်ဂျာများကို လုပ်ကြံသည့် အမှုတစ်ခု ဖြစ်သည့် မီးရှို့မှု ဟူသည့် ပုဒ်မကို ပြန်လည်သုံး၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၁၈) ရက်နေ့တွင် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) မှ အောက်ပါ ဖော်ပြပါ ဒေသခံများကို မီးရှို့မှုဖြင့် လုပ်ကြံ ဖမ်းဆီးပြီး အမှုဖွင့် အရေးယူ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့သည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးရော်ဖိတ်အာမတ် (ဘ) ဦးလာလ်မျာ (ညှစ်ခံရငွေကျပ် ၉ သိန်း) 
(၂) ဦးအဖူးယား (ဘ) ဦးအာမိရ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၃) ဦးရော်ဖီး (ဘ) ဦးဒေါလ္လာ (ညှစ်ခံရငွေကျပ် ၁ သိန်း ၂ သောင်း)
(၄) ဦးအာဇီဇုလ်ဟောက် (ဘ) ဦးအာဘူလ်ဟာရှိမ် (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၅) ဦးအီဆုပ် (ဘ) ဦးကာလာယ (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၆) ဦးဖူတိခ်ကား (ဘ) ဦးရာဟ်မောတ်အူလ္လာ (ညှစ်ခံရငွေကျပ် ၅ သောင်း) -- တို့ဖြစ်ပါသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် ရဲအုပ်တိုးတိုးနှင့် အဖွဲ့သည် မြို့မ ဘုန်းကြီးကျောင်းပိုင် ဆိုင်တန်းတွင် ဆေးဆိုင် ရောင်းချနေသူ ရွာသစ်ကေ ရပ်ကွက် အနောက်ရွာမှ မောင်ထွန်းဝင်းကို ဆိုင်ရောင်း နေစဉ် ၂၀၁၂ ခုနှစ် အရေးအခင်းတွင် ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု စွပ်စွဲ ပြောဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ည ၇ နာရီ အချိန်ခန့်တွင် ရဲအုပ်တိုးတိုးနှင့် အဖွဲ့သည် ရွာသစ်ကေ အနောက်ရွာသို့ သွားရောက်၍ ဦးဆော်လိမ် ဆိုသူကို နေအိမ်မှ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

မောင်ထွန်းဝင်းကို ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးဘဲ၊ ရဲအုပ်တိုးတိုးက ပြန်လည် လွှတ်ပေးရန် ငွေကျပ် သိန်း ၇၀ တောင်းခံနေကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus