နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင်မှ ရဲမှူးက ဒေသခံ တစ်ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ထား



MYARF
RB News
28.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် အမှတ် (၁၈) န.စ.က စခန်းမှ) ရဲမှူး၏ ခိုင်းစေချက် အရ အောက်တိုလာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲ အချို့သည် အင်းဒင်ဈေးသို့ သွားရောက်၍ ဈေးဝယ်ရန် ရောက်ရှိလာသော အင်းဒင် ကျေးရွာအုပ်စု အလယ်ရွာမှ မော်လ၀ီ တော်ယုဖ် (ဘ) မော်လ၀ီ အဒူလ်ဟာမိတ်ကို ရဲမှူးက မေးမြန်းရန် ရှိသည်ဟု ဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

စခန်းသို့ ရောက်သည်နှင့် ရဲမှူးက “ငါခေါ်တာ မဟုတ်ဘူး၊ ဒေသမှူးနဲ့ ရဲမှူးချုပ်တို့ ခေါ်ခိုင်းလို့ ခေါ်ရတာ” ဟုဆိုကာ မောင်တောမြို့ပေါ်သို့ ပို့ဆောင်လိုက်ပြီး၊ ထိုမှတဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းအတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မော်လ၀ီ တော်ယုဖ်အား မောင်တောမြို့ တောင်ပိုင်းတွင် သောင်းကျန်း လှုပ်ရှားနေသော အဒူလ်ဟာကိမ်းနှင့် အဖွဲ့အား ထမင်း ကျွေးခဲ့သည်၊ အင်တာနက်သို့ သတင်းပို့သည်၊ OIC နှင့် အဆက်အသွယ် ပြုလုပ်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်သည်။ မော်လ၀ီ တော်ယုဖ်သည် ရိုးသား ဖြောင့်မတ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူ တစ်ဦး ဖြစ်သောကြောင့် ရွာသားများက ကြည်ညို လေးစားကြသည်။ 

သို့ဖြစ်၍ ရွာသားများက မယုံကြည်၊ ကြည်ညို လေးစားခြင်း မရှိသော နယ်ခြားစောင့်ရဲ များ၏ တပည့် (ယခင် န.စ.က တပည့်ဟောင်း) ဖြစ်သူ ဦးဆော်ယာဒ်ဟူစိန်းက ရွာသားများ၏ ကြည်ညို ယုံကြည် လေးစားခြင်း ခံရသော မော်လ၀ီ တော်ယုဖ်ကို မကျေနပ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် ပူးပေါင်းကာ ယခုကဲ့သို့ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus