MYARF
RB News
24.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ပဒကား ဒေ၀ါနာလီ (ခ) နတ်ချောင်း ကျေးရွာအုပ်စု အခြေစိုက်၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း လက်အောက်ခံ ကင်းစခန်းမှ ကင်းစခန်းမှူး ဖြစ်သူ ဒုရဲအုပ် စိုးစိုးသည် အောက်တိုဘာလ (၁၇) ရက်နေ့တွင် ယင်းရွာမှ ဦးကေဖာယောတ် အူလ္လာ (ဘ) မော်လ၀ီ နူရ်အာလောမ်ကို ဆိုင်ကယ် မှောက်သည်ဟု စွပ်စွဲ၍ အမှုဖွင့် အရေးယူမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ ဒုရဲအုပ်စိုးစိုးသည် ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လေ့ ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။