နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အမျိုးသား ပါတီက မဲဆွယ်ရန် ရိုဟင်ဂျာများ ထံမှ ကားငှားပြီး ငွေမပေး



MYARF
RB News
6.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် နိုဝင်ဘာလ (၄) ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ရခိုင် အမျိုးသား ပါတီ တို့ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးခဲ့သည်။ ရခိုင် အမျိုးသား ပါတီ (ANP) က မဲဆွယ် စည်းရုံးရန် ကား အစီး ၂၀ ငှားရမ်းခဲ့သည်။ 

ငှားရမ်းခဲ့သည့် ကားအစီး ၂၀ တွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကား ၁၂ စီး ပါဝင်ခဲ့သည်။ အဆိုပါ ကား ၁၂ စီးကို တစ်စီးလျှင် ငွေကျပ် လေးသောင်း နှုန်းဖြင့် ငှားရမ်းခဲ့သော်လည်း ညနေပိုင်း ကားများ ပြန်အပ်ချိန်တွင် ငွေတစ်ကျပ်ပင် မပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus