နောက်ဆုံးသတင်း/ဆောင်းပါးများ

သာမာန် စကားများသူ များကို ဆူပူအောင် လုပ်သည်ဟု ဆိုကာ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှ ငွေညှစ်



MYARF
RB News
1.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ တို့က ရွာသား အချင်းချင်း စကားများခဲ့သည်ကို ကျေးရွာတွင် ဆူပူမှု ဖြစ်အောင် ပြုလုပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်းရွာမှ ဦးဟာလာ (ဘ) ဦးကာလာမ်ဘောက်ရှူး (အသက် ၆၀ နှစ်) နှင့် ရွာသား အချို့တို့သည် အောက်တိုဘာလ (၂၅) ရက်နေ့ ညပိုင်းတွင် ကိစ္စတစ်ခုကြောင့် စကားများခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က သိရှိသွားပြီး အောက်တိုဘာလ (၂၆) ရက်နေ့တွင် ဦးဟာလာ အပါအ၀င် ရွာသား လေးဦးကို ဆင့်ခေါ်၍ ကျေးရွာတွင်းတွင် ဆူပူမှုဖြစ်အောင် လုပ်ခဲ့သည့် အတွက် ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဟာလာ (ဘ) ဦးကာလာမ်ဘောက်ရှူး (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် ၁ သိန်း
(၂) ဦးနူရူး (ဘ) ဦးဆွေယာဒူရာမန် (အသက် ၆၂ နှစ်) -- ညှစ်ခံရငွေကျပ် ၁ သိန်း
(၃) မာမတ်ဇူဘိုင်ရ် (အသက် ၂၂ နှစ်) -- ညှစ်ခံရငွေကျပ် ၈ သောင်း
(၄) ဦးယာစီးန် (အသက် ၅၀ နှစ်) -- ညှစ်ခံရငွေကျပ် ၇ သောင်း -- တို့ ဖြစ်သည်။ 

အောက်တိုဘာလ (၁၆) ရက်နေ့ကလည်း ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ဦးအာရော်ဖ်အုလ္လာ (ဘ) ဦးဟာလာ ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးအာရောဖ်အုလ္လာသည် အမျိုးသမီး တစ်ဦးနှင့် ပတ်သက်ခဲ့သည့် အတွက်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ တို့က ဆင့်ခေါ်၍ ဒဏ်ငွေဟု ဆိုကာ ငွေကျပ် နှစ်သိန်း ငါးသောင်း ယူခဲ့သည်။ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ တို့၏ ဆုံးဖြတ်ချက်ကို ကျော်လွန်၍ ဦးအာရောဖ်အုလ္လာကို ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်း ထပ်မံ၍ ညှစ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus