နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများက ဆွေးနွေးရန်ဟု ဆင့်ခေါ်ကာ မဆွေးနွေးဘဲ ဓါတ်ပုံများသာ ရိုက်ကူးယူ



MYARF
RB News
2.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲမှူး တင်ထွန်းဦးနှင့် အဖွဲ့သည် အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ဖရုံချောင်း ကျေးရွာသို့ သွားရောက်၍ ဘာသာရေး ဆရာ (မော်လ၀ီ) အချို့နှင့် ရပ်မိရပ်ဖများ အပါအ၀င် ရွာသား အချို့ကို ဆွေးနွေးရန် ရှိသည်ဟု ဆိုကာ ဖရုံချောင်း ကျောင်းခြံဝင်း အတွင်းသို့ ခေါ်သွင်းကာ ဓါတ်ပုံ အကြိမ်ကြိမ် ရိုက်ယူပြီး ဆွေးနွေးခြင်း တစ်စုံတစ်ရာ မပြုလုပ်ဘဲ ကျေးဇူးတင်ပါတယ်ဟု ဆိုကာ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့နောက် စခန်းမှူးနှင့် အဖွဲ့သည့် စိမ်းညှင်းပြား ကျေးရွာသို့ သွားရောက်၍ ရွာသားများကို လဘက်ရည်ဆိုင် တစ်ဆိုင်တွင် စုစေပြီး ဓါတ်ပုံရိုက်ယူကာ ကျေးဇူးတင်ကြောင်း ပြောကြား၍ ပြန်လွှတ်ခဲ့သည်။ 

တစ်ဖန် ည ၆း၃၀ နာရီ အချိန်တွင် ဘုရားပြင်အောင်ပ ကျေးရွာ၌လည်း လဘက်ရည်ဆိုင်တွင် လူစုစေကာ ဓါတ်ပုံ ရိုက်ယူခဲ့သည်။ 

နယ်ခြားစောင့်ရဲ များက ဆွေးနွေးရန် ရှိသည်ဟု လိမ်လည် ပြောဆို၍ ဓါတ်ပုံ ရိုက်ယူသွားခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်ရန် ယူသွားလေသလား ဟုဆိုကာ ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus