နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးလင်းလင်းနိုင်က ရွာ ၄ ရွာမှ တစ်ရွာလျှင် သစ်သား ၄၀၀ ချပ်စီ အတင်းအဓမ္မ ပေးသွင်းခိုင်း



Rohingya Eye
RB News
6.11.2015

မောင်တော ။ ။ အောက်တိုဘာလ (၂၅) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ရဲမှူးလင်းလင်းနိုင်၏ လက်အောက်ခံ ကျေးရွာများ ဖြစ်ကြသည့် သ၀န်ချောင်း ကျေးရွာ၊ ကျောက်ပန္ဒူ ကျေးရွာ၊ အင်းဒင် ကျေးရွာနှင့် ခလုံး ကျေးရွာများမှ တစ်ရွာလျှင် သစ်သား အချော (၄၀၀) ချပ်စီေးသွင်းရမည်ဟု ရဲမှူးလင်းလင်းနိုင်က မှာကြားခဲ့သည်။ အဆိုပါ သစ်သားများကို အင်းဒင် ကျေးရွာတွင် အသစ်တည်နေသော စေတီပုထိုးတွင် အသုံးပြုရန် ဖြစ်ကြောင်း သိရှိရသည်။

ရဲမှူးလင်းလင်းနိုင်၏ ညွန်ကြားချက်ကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ၎င်းတို့၏ ရွာများရှိ သစ်လုပ်ငန်းရှင် များထံမှ ခွဲတမ်းဖြင့် တောင်းခံလျက် ရှိသည်။ ကျောက်ပန္ဒူ ကျေးရွာတွင် သစ်လုပ်ငန်းရှင် (၃၀) ဦးရှိပြီး၊ တစ်ဦးလျှင် (၁၃) ချပ်စီ မဖြစ်မနေ ပေးရမည် ဖြစ်သည်။ သစ်သား တစ်ချပ်လျှင် ကာလပေါက်ဈေး ကျပ်လေးထောင်ခန့် ရှိပြီး၊ ငွေကျပ် ငါးသောင်းနှစ်ထောင်ခန့် တန်ဖိုးရှိ သစ်သား (၁၃) ချပ်စီ ပေးရမည် ဖြစ်သည်။ 

သစ်လုပ်ငန်းရှင် တစ်ဦး၏ လစဉ် ၀င်ငွေမှာ ငွေကျပ် ငါးသောင်းခန့်သာ ရှိပြီး၊ ၎င်းတို့၏ တစ်လစာ ၀င်ငွေမက ပမာဏ သစ်များကို တောင်းနေခြင်းမှာ အလွန်ကို မတရားသဖြင့် ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု သစ်လုပ်ငန်းရှင် တစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူးလင်းလင်းနိုင် တောင်းခံနေသည့် သစ်များကို အချိန်မှီ ပေးသွင်းခြင်း မပြုလျှင် လုပ်ငန်းရှင်များကို တောင်တန်းသို့ သွားခွင့် ပေးမှာ မဟုတ်တော့ဘဲ၊ တွေ့သမျှ သစ်သားများကို လုယက် ယူဆောင် သွားမည်ဟု ရဲမှူးလင်းလင်းနိုင်က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus