နောက်ဆုံးသတင်း/ဆောင်းပါးများ

စ.ရ.ဖ မှ ဗလီ ဂေါပကနှင့် ရှေ့ဆောင် ဆရာများကို ပုံစံဖြည့်ခိုင်းရာတွင် မလိုအပ်သည်များ ဖြည့်ခိုင်း



MYARF
RB News
19.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူးက ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ညောင်ချောင်း ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာအုပ်စု (၁၂) စုရှိ ဗလီနှင့် အာရဗီ စာသင်ကျောင်း များ၏ ဂေါပက နှစ်ဦးစီနှင့် ဗလီ ရှေ့ဆောင် မော်လ၀ီ ဆရာများ၊ စာသင်ကျောင်း များရှိ ဆရာများကို ညောင်ချောင်း စ.ရ.ဖ ရုံးသို့ ဆင့်ခေါ်၍ စစ်ဆေးခဲ့သည်။ 

ထို့နောက် ၎င်းတို့၏ ကိုယ်ရေး ရာဇ၀င်နှင့် ဗလီများ၊ ကျောင်းများ၏ ရာဇ၀င် ဖြည့်သွင်းပေးရန် ပုံစံ တစ်စောင်စီ ထုတ်ပေးခဲ့သည်။ ပုံစံနှင့် အတူ ဓါတ်ပုံ နှစ်ပုံစီလည်း ပေးရမည်ဟု ပြောကြားခဲ့သည်။ ကိုယ်ရေး ရာဇ၀င် ဖြည့်သွင်းရန် ပေးထားသည့် ပုံစံတွင် “သင် (သို့) သင့်မိဘ တို့သည် မည်သည့် အချိန်တွင် မည်သည့် ဒေသ၌ မွေးဖွားသနည်း၊ ဤဒေသသို့ မည်သည့် အချိန်တွင် ရောက်လာခဲ့သနည်း၊ အဘယ်ကြောင့် ပြောင်းရွှေ့လာသနည်း” ဟု ရေးသား၍ မေးမြန်း ထားသည်။ ထိုသို့ ရေးသား ထားခြင်းမှာ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများ မဟုတ်၊ အခြားနိုင်ငံမှ ကူးပြောင်း လာသူများသာ ဖြစ်သည်ဟု အဓိပ္ပာယ် သက်ရောက် နေခြင်းကြောင့် ဘိုးစဉ်ဘောင်ဆက် ဤနိုင်ငံတွင် နေထိုင်လာသူ များကို စော်ကားရာ ရောက်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

စ.ရ.ဖ တပ်ဆွယ်မှူးက ထိုသို့ စစ်ဆေး၍ ကိုယ်ရေး ရာဇ၀င် ဖြည့်ခိုင်းခြင်းမှာ ပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြားချက်အရ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Comment ရေးရန်

Rohingya Exodus