နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုရားပြင်သိန်းတန်မှ နယ်ခြားစောင့်ရဲ များက ဒေသခံ (၄) ဦးထံမှ ငွေညှစ်



MYARF
RB News
19.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဆေးအိုးကျ ကျေးရွာအုပ်စုမှ ဒေသခံ ရွာသား (၄) ဦးသည် မိမိတို့၏ နေအိမ်များတွင် ထင်းအဖြစ် အသုံးပြုရန် ဘူးသီးတောင် မြို့နယ်၊ စေတီတောင် ကျေးရွာမှ သရက်ပင် တစ်ပင် ၀ယ်ယူပြီး ချောင်းမှ မျှော၍ သယ်ယူလာရာ အခက်အခဲ ကြုံတွေ့၍ လမ်းတစ်ဝက် ဘုရားပြင်သိန်းတန် ကျေးရွာသို့ ရောက်သောအခါ ထိုသရက်ပင်ကို နှစ်ပိုင်းဖြတ်ရန် ကြိုးစားနေစဉ် နေ၀င်မိုးချုပ် သွားသဖြင့် ဘုရားပြင်သိန်းတန် ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာရွာတွင် ညအိပ်ခဲ့ကြရသည်။ 

၎င်းတို့ အိပ်ပျော်နေစဉ် စေတီတောင် ကျေးရွာမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ၎င်းတို့ (၄) ဦးကို ဖမ်းဆီးကာ အမျိုးမျိုး ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ (၄) ဦးမှာ --

(၁) ဦးအဘူဆော်ယာဒ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်
(၂) မော်လ၀ီရော်ရှိတ် (ဘ) ဦးဟာဘီရာမန်
(၃) ဦးအေနာယာဒ်အူလ္လာ (ဘ) မော်လ၀ီအီလီယာစ်
(၄) ဦးအာရော်ဖ်အူလ္လာ (ဘ) မော်လ၀ီအီလီယာစ် -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus