March 22, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်ခြားစောင့်ရဲ များက ငါးဖမ်းခွင့် စာအုပ် သိမ်းပြီး ငွေညှစ်နေသဖြင့် ငါးဖမ်း၍ မရဖြစ်နေ



Rohingya Eye
RB News
29.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မောင်နီကျေးရွာ ငါးဖမ်း စက်လှေ (၃) စီးသည် မန်ကျည်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တရားဝင် ခွင့်ပြုချက် ရယူပြီး ဇန်န၀ါရီလ (၂၅) ရက်နေ့က မြန်မာ ရေပိုင်နက် အတွင်း ငါးဖမ်းရန် ထွက်ခွာခဲ့သည်။ 

အဆိုပါ စက်လှေများသည် မောင်နီချောင်းမှ မောင်တော POE ချောင်းဝသို့ ရောက်သောအခါ POE စခန်းမှ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း စက်လှေများ၏ ငါးဖမ်းခွင့် စာအုပ်များကို သိမ်းဆည်း၍ ငါးဖမ်းသမား များကို လက်ချည်းဗလာဖြင့် ပြန်လွှတ်ခဲ့သည်။ စက်လှေ တစ်စီးတွင် တာဝန်ခံ အပါအ၀င် လုပ်သား (၁၂) ဦး လုပ်ကိုင်လျက် ရှိပြီး၊ အားလုံးမှာ ဆင်းရဲသားများ ဖြစ်ကြသည်။ 

ငါးဖမ်းသမားများ ရွာသို့ ပြန်လည် ရောက်ရှိလာပြီး စက်လှေ ပိုင်ရှင်များကို အကျိုးအကြောင်း ပြောပြရာ၊ စက်လှေ ပိုင်ရှင်များက ချောင်းဝ POE စခန်းသို့ သွားရောက်၍ စာအုပ်များ ပြန်လည် တောင်းခံခဲ့သည်။ စခန်းမှ နယ်ခြားစောင့်ရဲ များက စက်လှေ တစ်စီး အတွက် ငွေကျပ် ၁၀ သိန်းစီ ပေးမှသာ စာအုပ်များ ပြန်လည် ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ငွေကျပ် ၁၀ သိန်း မတတ်နိုင်လျှင် ငွေကျပ် ၅ သိန်းစီ ပေးရန် တောင်းခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

သို့သော် စက်လှေပိုင်ရှင် များသည် ငွေကျပ် ၅ သိန်းစီ မတတ်နိုင်သဖြင့် စာအုပ်များ မရှိသောကြောင့် ငါးဖမ်းရန် အခက်ကြုံလျက် ရှိနေသည်။ ထို့အပြင် စက်လှေပေါ်တွင် အလုပ်လုပ်ကိုင် နေသည့် လုပ်သားများ၏ မိသားစု များမှာလည်း စားဝတ်နေရေး အခက်ကြုံ နေရသည်။

စက်လှေ ပိုင်ရှင်များနှင့် တာဝန်ခံများမှာ -- 

(၁) ဟာဂျီဦးလာလ်မျာ (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၆၀ နှစ်) -- ပိုင်ရှင်
ဦးရော်ဖိခ် (ဘ) ဦးနာဂူး (အသက် ၅၀ နှစ်) -- တာဝန်ခံ

(၂) ဦးအစ္စမိုင်လ် (ဘ) ဦးခေါ်လိလ် (အသက် ၅၀ နှစ်) -- ပိုင်ရှင်
ဦးရာဇာမျာ (အသက် ၄၀ နှစ်) -- တာဝန်ခံ

(၃) ဟာဂျီဦးနူရ်အာမီးန် (အသက် ၆၀ နှစ်) -- ပိုင်ရှင်
တာဝန်ခံ -- အမည်မသိ -- တို့ဖြစ်သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus