March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဆိုင်ကယ် တိုက်ခံရသူက မွတ်စလင်ဖြစ်၍ ၀င်တိုက်သူ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လျော်ကြေးပေးရ



Rohingya Eye
RB News
17.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း၏ ညီ ဇူဘိုင်ရ် (အသက် ၂၈ နှစ်) သည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နေ့လည် ၁၂း၄၀ နာရီအချိန်တွင် Kenbo အမျိုးအစား အနီရောင် ဆိုင်ကယ်စီး၍ ဦးဥတ္တမလမ်းရှိ အေနာမ် တည်းခိုရိပ်သာ ရှေ့တွင် ကွေ့နေစဉ်၊ အမှတ် (၄) ရပ်ကွက် ဦးဥတ္တမလမ်းရှိ ဘီယာဆိုင်ရှင် ဦးအောင်မျိုးဝင်း (အသက် ၄၂ နှစ်) ၏ ခယ်မ မချစ်စိုးက ဆိုင်ကယ်ဖြင့် ဇူဘိုင်ရ်၏ ဆိုင်ကယ်ကို နောက်မှ အရှိန်နှင့် တိုက်မိခဲ့သည်။ 

မချစ်စိုးက နောက်မှ ဆိုင်ကယ်ဖြင့် တိုက်မိသည့် အရှိန်ကြောင့် ဇူဘိုင်ရ်သည် ဆိုင်ကယ်နှင့် အတူ လဲကျသွားပြီး၊ လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဆိုင်ကယ်လည်း ပျက်စီးသွားခဲ့သည်။ 

ဥပဒေအရ ဆိုလျှင် နောက်မှ တိုက်မိသူ၏ အပြစ်သာ ဖြစ်သော်လည်း တိုက်မိသူမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဖြစ်သောကြောင့် အဆိုပါ အမျိုးသမီး၏ အပြစ်ကို ကွယ်ဝှက်ပြီး အစ္စလာမ် ဘာသာဝင် ဖြစ်သူ ဇူဘိုင်ရ်တွင်သာ အပြစ်ရှိသည်ဟု မတရားသဖြင့် စွပ်စွဲ၍ မချစ်စိုး စီးနင်းလာသည့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် အမျိုးအစား အသစ်တစ်စီး လျော်ပေးခဲ့ရသည်။ ဆိုင်ကယ်၏ ကာလ တန်ဖိုးမှာ ငွေကျပ် (၄) သိန်းဖြစ်ပြီး၊ ယာဉ်ထိန်းရဲများအား ပေးသည့် ငွေအပါအ၀င် စုစုပေါင်း (၁၉) သိန်း ကုန်ကျခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဆိုက်ကယ် တိုက်သည်ကို မြင်သည့် မျက်မြင် သက်သေ တစ်ဦးက “အဲဒီ အမျိုးသမီးရဲ့ ဆိုင်ကယ်က အတော်လေး ဟောင်းနေပါပြီ၊ ဆိုင်ကယ်ရဲ့ ရှေ့မီး တစ်ခုပဲ ပျက်စီးသွားတာ။ အနိုင်ကျင့်ပြီး လျော်ကြေး ယူတယ်ဆိုရင်လည်း ရှေ့မီး တစ်ခုစာပဲ ယူသင့်တယ်။ အခုလို ဆိုင်ကယ် တစ်စီး အသစ် လျော်ခိုင်းတာကတော့ တော်တော်လေးကို မတရားလုပ်တာပဲ” ဟု ပြောသည်။ 

ဦးအောင်မျိုးဝင်းသည် သရေကညင်တန်း (န.တ.လ) ရွာ ဇာတိဖြစ်ပြီး၊ ယခင်က ဗီဒီယိုရုံ ပြပြီး စီးပွားရှာခဲ့ရာမှ ယခုအခါ WY မူးယစ်ဆေးဝါး ရောင်းဝယ်ရေးဖြင့် ကြီးပွား ချမ်းသာလာကာ၊ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော်နှင့် ပူးပေါင်း၍ လုပ်ငန်းများလည်း လုပ်ကိုင်လျက် ရှိသလို၊ ၉၆၉ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ယခု ဆိုက်ကယ် တိုက်သည့် ကိစ္စတွင် အလိုတော်ပြည့် ကျောင်းတိုက်မှ ဆရာတော်၏ အရှိန်အ၀ါကို သုံး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus