နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များနှင့် စစ်သား များက ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေညှစ်



MYARF
RB News
17.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာ ချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ပုဇွန်ကန်သို့ သွားရောက်၍ တဲထဲတွင် ဆေးခြောက် တစ်ထုပ် ထည့်သွင်းပေးကာ အိပ်နေသည့် ပုဇွန်ကန်စောင့်နေသူ သရက်အုပ် မြောက်ရွာမှ ဦးမာမတ်ဟူစိန်း (ဘ) ဦးအော်လီဟူစိန်း (အသက် ၃၀ နှစ်) ကို ဆေးခြောက် သုံးစွဲသူဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးမာမတ်ဟူစိန်းသည် ဆေးလိပ်ပင် မသောက်တတ်သူ တစ်ဦး ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များက တဲထဲတွင် ဆေးခြောက် ထည့်ပေးကာ ဆေးခြောက် တွေ့သည်ဟု လုပ်ကြံ ငွေညှစ်ခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ရွက်ညိုတောင် ကျေးရွာတွင် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ အခြေစိုက် ထားသည့် စခန်း (၁၂) မှ စစ်သားများသည် ရွက်ညိုတောင် ရခိုင်ရွာ အပြင်ဘက် လမ်းမကြီးတွင် စောင့်၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာ များကို စစ်ဆေးခဲ့သည်။ လမ်းသွားလမ်းလာ များထံမှ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းတို့ ရှေ့မှ ဖြတ်သန်း သွားသမျှ ရိုဟင်ဂျာ များထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ အတင်းအဓမ္မ ကောက်ခံခဲ့သည်။ ငွေပေးရန် ငြင်းဆန်ခဲ့သူ အချို့ကို လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်၍ ငွေညှစ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus