နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူမှ ဗလီငယ် တစ်လုံးကို မှတ်ပုံတင်ထားခြင်း မရှိဟု ဆိုကာ နယ်ခြားစောင့်ရဲ များက ဖြိုဖျက်



Rohingya Eye
RB News
16.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရွာကြီးရွာမှ ဈေးနှင့် ကပ်လျက်ရှိသည့် ၀ါးနံရံ၊ သက္ကယ်ဖြင့်မိုးထားသော ဗလီငယ်အား အစိုးရထံတွင် မှတ်ပုံတင်ထားခြင်း မရှိဟု ဆိုကာ လွန်ခဲ့သည့် ၂၀၁၅ ဒီဇင်ဘာလမှ စ၍ ဖြိုဖျက်ပေးရန် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ရဲမှူးလင်းလင်းနိုင်က အမိန်းပေးခဲ့သည်။ သို့သော်လည်း ရွာသားများက ဖြိုဖျက်ခြင်း မရှိသောကြောင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် အင်းဒင် စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အဆိုပါ ဗလီငယ်ကို ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ဗလီငယ်သည် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိသော ဗလီဖြစ်ပြီး၊ စစ်အစိုးရ လက်ထက်တွင် အဆိုပါ ဗလီအား ဖြိုဖျက်ခဲ့ခြင်း မရှိဘဲ၊ ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် မှတ်ပုံတင်ထားခြင်း မရှိဟု အကြောင်းပြ၍ ဖြိုဖျက်လိုက်ခြင်းသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့် များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus