ထိုပန်းတိုင်သို့
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
5.2.2016
ဟိုးဝေးဝေးက ပန်းတိုင်
ဝေးလံခေါင်ဖျားက ပန်းတိုင်
ဝိုးတဝါးတောင် မမြင်ရသေးတဲ့ ပန်းတိုင်
ထိုပန်းတိုင်သို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ထိုပန်းတိုင်က ဝေးလွန်းနေပေမယ့်
ဟိုးဝေးဝေးက ပန်းတိုင်
ဝေးလံခေါင်ဖျားက ပန်းတိုင်
ဝိုးတဝါးတောင် မမြင်ရသေးတဲ့ ပန်းတိုင်
ထိုပန်းတိုင်သို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ထိုပန်းတိုင်က ဝေးလွန်းနေပေမယ့်
ဝီရိယာက ငါနဲ့ထပ်ကြပ်မကွာခဲ့ပါ
ထိုပန်းတိုင်သို့ သွားရာလမ်းက ကြမ်းတမ်းနေပေမယ့်
ဇွဲလုံ့လတွေက ငါနဲ့ တစ်သားတည်းပါ
စစ်သည်တော်တစ်ယောက်ရဲ့ သတ္တိလည်း
ရင်ဝယ် ဖိဖိလေး ပိုက်လို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ...။
တကယ်တော့
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ခိုင်သင့်သလောက် မခိုင်သေးဘူး
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ကျယ်သင့်သလောက် မကျယ်သေးဘူး
ဒါပေမယ့်
ငါ့ခြေလှမ်းသေးသေးလေးတိုင်းမှာ
ယုံကြည်ချက်က တောင်တန်းလို ကြီးမားနေတာပါ
မျှော်လင့်ချက်က ပင်လယ်ရေထက် များပြားနေတာပါ
ဒီလို ယုံကြည်ချက်
ဒီလိုမျှော်လင့်ချက်တွေနဲ့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ငါ့ခြေလှမ်း ငါမလှမ်းဘဲ
ငါ့အား ငါမစိုက်ဘဲ
ငါ့ချွေး ငါမရင်းဘဲ
ငါ လိုချင်တဲ့ ငါ့ပန်းတိုင်
ဘယ်တော့မှ မရတတ်ဘူး
ဒီအသိတရားနဲ့ပေါ့
ဝိုးတဝါးတောင် မမြင်ရသေးလည်း
ဝေးလွန်းနေတာ မှန်ပေမယ့်လည်း
"လွတ်လပ်မှု"ဆိုတဲ့ ထိုပန်းတိုင်သို့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
တကယ်တော့ သူငယ်ချင်း
ပန်းတိုင်နဲ့ နီးစပ်ခွင့်ရဖို့
ထိုင်နေခြင်းထက်
ခြေလှမ်း သေးသေးလေး လှမ်းခြင်းက
ပိုမြတ်တယ်လေ....။
ဇွဲလုံ့လတွေက ငါနဲ့ တစ်သားတည်းပါ
စစ်သည်တော်တစ်ယောက်ရဲ့ သတ္တိလည်း
ရင်ဝယ် ဖိဖိလေး ပိုက်လို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ...။
တကယ်တော့
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ခိုင်သင့်သလောက် မခိုင်သေးဘူး
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ကျယ်သင့်သလောက် မကျယ်သေးဘူး
ဒါပေမယ့်
ငါ့ခြေလှမ်းသေးသေးလေးတိုင်းမှာ
ယုံကြည်ချက်က တောင်တန်းလို ကြီးမားနေတာပါ
မျှော်လင့်ချက်က ပင်လယ်ရေထက် များပြားနေတာပါ
ဒီလို ယုံကြည်ချက်
ဒီလိုမျှော်လင့်ချက်တွေနဲ့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ငါ့ခြေလှမ်း ငါမလှမ်းဘဲ
ငါ့အား ငါမစိုက်ဘဲ
ငါ့ချွေး ငါမရင်းဘဲ
ငါ လိုချင်တဲ့ ငါ့ပန်းတိုင်
ဘယ်တော့မှ မရတတ်ဘူး
ဒီအသိတရားနဲ့ပေါ့
ဝိုးတဝါးတောင် မမြင်ရသေးလည်း
ဝေးလွန်းနေတာ မှန်ပေမယ့်လည်း
"လွတ်လပ်မှု"ဆိုတဲ့ ထိုပန်းတိုင်သို့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
တကယ်တော့ သူငယ်ချင်း
ပန်းတိုင်နဲ့ နီးစပ်ခွင့်ရဖို့
ထိုင်နေခြင်းထက်
ခြေလှမ်း သေးသေးလေး လှမ်းခြင်းက
ပိုမြတ်တယ်လေ....။