နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူးက လူငယ် တစ်ဦးထံမှ ထပ်မံ၍ ငွေညှစ်မရသဖြင့် လူမဆန်စွာ ရိုက်နှက်



MYARF
RB News
2.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ကျေးရွာ၏ လမ်းသည် တောင်မြောက်လမ်း ဖြစ်သည်။ လမ်း၏ အရှေ့ဘက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၏ အိမ်အပါအ၀င် ရခိုင်လူမျိုး အိမ်သုံးအိမ် ရှိပြီး လမ်း၏ အနောက်ဘက်တွင် ရိုဟင်ဂျာအိမ်များ ရှိသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၏ အိမ်တည့်တည့် လမ်း၏ အနောက်ဘက်ရှိ ရိုဟင်ဂျာ အိမ်ရှေ့လမ်းဘေးတွင် ယင်းရွာမှ မာမတ်တာဟဲရ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၂၅ နှစ်) က ၀ါးများ သိုလှောင်၍ ၀ါးအရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။ 

ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက လမ်းပိုင်နက်တွင် ၀ါးများ သိုလှောင်ခွင့် မရှိ၊ လမ်းဘေးတွင် ၀ါးသိုလှောင်၍ ရောင်းချလိုလျှင် ၎င်းအား ငွေပေးရမည်ဟု ဆိုကာ မာမတ်တာဟဲရ် ထံမှ ငွေကျပ် နှစ်သောင်းကို လာဘ်ငွေ အဖြစ် ယူခဲ့သည်။ 

တစ်ဖန် ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက အဆိုပါ လူငယ်ကို ဆင့်ခေါ်၍ အိမ်ရှေ့တွင် ၀ါသိုလှောင် ထားသောကြောင့် အိမ်ရှင်က အနှောက်အယှက် ဖြစ်နေရကြောင်း တိုင်ကြားခဲ့သည်ဟု ဆိုကာ အိမ်ရှင်ကို အကြောင်းပြ၍ ထပ်မံ၍ ငွေတောင်းခံခဲ့သည်။ ၀ါးရောင်းချသူက ငွေကျပ် နှစ်သောင်း ပေးပြီးသောကြောင့်၊ ထပ်မံ၍ ငွေပေးရန် ငြင်းဆန်ရာ ဦးမောင်သန်းဌေးက လူငယ်အား အမျိုးမျိုး စော်ကား ဆဲဆို၍ လမ်းပေါ်မှ ၀ါးများကို ချက်ချင်း ဖယ်ရန် ပြောဆိုခဲ့သည်။ 

ဝါးရောင်းချသူ မာမတ်တာဟဲရ်က ချက်ချင်း အလုပ်သမား မရသဖြင့် ၀ါးများကို မဖယ်နိုင်သောကြောင့် ဦးမောင်သန်းဌေးက လမ်းပေါ်တွင် အများရှေ့မှောက်၌ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက် နေစဉ် မာမတ်တာဟဲရ်၏ ငွေကျပ် တစ်သိန်းကျော် တန်သည့် သားရေဂျာကင်လည်း စုတ်ပြတ် ပျက်စီးသွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus