နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များ၏ သတင်းပေး နှစ်ဦးက ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်



MYARF
RB News
25.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု ဆင်သေပြင်ရွာမှ ဟိုက်ရုလ်အာမီးန် (ဘ) ဦးဆွေယာဒ်အူလ္လာ (အသက် ၃၃ နှစ်) နှင့် နုရ်ကာမာလ် (ဘ) ဦးဒိလ်မာမတ်တို့က ဒေသခံ ရွာသားများကို ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။ 

မတ်လ (၁၂) ရက်နေ့ ည (၆) နာရီခန့် အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးဘာရှ်ရှားမျာ (ဘ) ဦးမိုဟာမတ်အာလောမ် (အသက် ၃၂ နှစ်) နှင့် ညီဖြစ်သူ ဦးဂျာမာလ်ဟူဆောင်း (အသက် ၂၇ နှစ်) ၏ ဇနီး ဒေါ်လိုင်လာဘေဂမ် တို့ အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့သည်။ မတ်လ (၁၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲ များ၏ သတင်းပေး ဟိုက်ရုလ်အာမီးန်နှင့် နုရ်ကာမာလ် တို့က စကားများခဲ့သူ နှစ်ဦးမှ ဦးဘာရှ်ရှားမျာကို ဆင်သေပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ခေါ်ခိုင်းသည်ဟု ဆိုကာ ကြိုးဖြင့် ချည်နှောင်၍ အတင်းအဓမ္မ ခေါ်ဆောင် သွားခဲ့သည်။ 

သတင်းပေး နှစ်ဦးက ဦးဘာရှ်ရှားမျာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်သွားသည့်ဟန် ပြုလုပ်ကာ လမ်းတစ်ဝက်တွင် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည့် အတွက် ၎င်းတို့ကို ငွေပေးရန် ငွေမပေးပါက ကင်းစခန်းသို့ အမှန်တကယ် ခေါ်ဆောင် သွားမည်ဟု ခြိမ်းခြောက် ပြောဆို၍ ဦးဘာရှ်ရှားမျာ ထံမှ ငွေကျပ် (၆) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးဘာရှ်ရှားမျာသည် ဆင်းရဲသား တစ်ဦး ဖြစ်ပြီး အိမ်မွေး ကြက်ငှက်များနှင့် အိမ်ရှိ သစ်များ ရောင်း၍ အဆိုပါ ငွေ (၆) သောင်းကို ပေးခဲ့ခြင်း ဖြစ်သည်။ 

ဟိုက်ရုလ်အာမီးန်သည် န.စ.က ခေတ်ကတည်းကပင် ဌာနဆိုင်ရာများနှင့် နီးနီးကပ်ကပ် နေသူ ဖြစ်ပြီး၊ မိမိ၏ ကျေးရွာသားများကို ဌာနဆိုင်ရာများနှင့် ရင်းနှီးသည်ကို အင်အားအဖြစ် အသုံးချ၍ အမျိုးမျိုး အကွက်ဆင်ကာ ခြိမ်းခြောက် ငွေညှစ်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့ မတရားသဖြင့် ငွေညှစ်နေခြင်းမှ အစိုးရ အာဏာပိုင်များကို ဝေစုပေးသဖြင့် ၎င်းအား လွတ်လပ်စွာ နေထိုင်ခွင့် ပေးနေသည်ဟု ယူဆကြောင်း ဒေသခံများက သုံးသပ် နေကြသည်။

Comment ရေးရန်

Rohingya Exodus