March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြိမ်ချောင်းမှ ဒုရဲအုပ်နှင့် အဖွဲ့က ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်



MYARF
RB News
27.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ရဲစခန်း) သို့ လွန်ခဲ့သည့် (၃) ရက်ခန့်က အသစ်ရောက်ရှိလာသည့် ဒုရဲအုပ် တစ်ဦးနှင့် ဒုတပ်ကြပ် တစ်ဦးတို့သည် ရောက်ရောက်ချင်း ကြိမ်ချောင်း မြောက်ရွာမှ သတင်းပေး အာဘူဇာဖောရ်နှင့် ပူးပေါင်း၍ ညအချိန်မတော် ရွာထဲသို့ ၀င်ကာ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ 

မတ်လ (၂၂) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် အဆိုပါ ဒုရဲအုပ်နှင့် ဒုတပ်ကြပ် တို့သည် သတင်းပေး အာဘူဇာဖောရ်နှင့် အတူ ကြိမ်ချောင်း မြောက်ရွာသို့ သွားရောက်၍ လမ်းဘေးတွင် ထိုင်၍ စကားပြောနေသည့် လူငယ် အချို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထို့နောက် လူငယ်နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ မတ်လ (၂၃) ရက်နေ့ ည ၉ နာရီကျော်ခန့် အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် တပည့်တို့သည် ကြိမ်ချောင်း မြောက်ရွာသို့ သွား၍ ကွမ်းယာဆိုင်တွင် ကွမ်းယာ ၀ယ်နေသည့် ဦးဂူရာမျာ (ဘ) ဦးရှော်ရိဖ်ဟူစိန်း (အသက် ၆၅ နှစ်) နှင့် လူငယ်နှစ်ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထို့နောက် လူငယ်တစ်ဦးကို ဖမ်းဆီးက ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့နောက် ကြိမ်ချောင်း ဈေးဟောင်း အနီးသို့ သွားရောက်၍ လမ်းလျှောက် သွားနေသည့် လူတစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့သည် ဖမ်းဆီးသမျှ လူများကို သေနတ်ပြ ခြိမ်းခြောက်ပြီ ည ၁၂ နာရီထိ ကြိမ်ချောင်း တောင်ရွာထဲတွင် သောင်းကျန်းခဲ့သည်။ 

အဆိုပါ ဒုရဲအုပ်က “ငါဘယ်သူ့ကိုမှ မကြောက်ဘူး။ တပ်ရင်းမှူး မပြောနဲ့ ရဲမှူးချုပ်ကိုတောင် မကြောက်ဘူး။ တပ်ရင်းမှူးက အရင် နယ်ခြားစောင့်ရဲ တွေကိုသာ ရိုက်နှက်နိုင်ခဲ့တာ .. ငါ့ကိုတော့ မရဘူး။ သူ့မှ ပစ္စတိုရှိသလို ငါ့မှာလည်း ရှိတယ်။ ငါ့ကို တစ်ခုခု လာလုပ်ရင် ငါလည်း ပြန်လုပ်တတ်တယ်” ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အဆိုပါ ဒုရဲအုပ် မပြောင်းရွှေ့လာမှီ အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ များသည် သူရိုင်း ကျေးရွာအုပ်စု၊ ရခိုင်ရွာ အပြင်ဘက်တွင် စောင့်ဆိုင်း၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို စစ်ဆေးပြီး ရိုက်နှက်ခြင်း၊ ငွေနှင့် ပစ္စည်းများ လုယက်ခြင်း၊ မတရား ဖမ်းဆီး ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်နေသည်ကို ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာက သိရှိသွားပြီးနောက် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တပ်ရင်းမှူး ကိုယ်တိုင် သူရိုင်း ကျေးရွာသို့ သွားရောက်၍ လမ်းသွားလမ်းလာ များကို မတရားသဖြင့် ပြုလုပ်နေသည့် နယ်ခြားစောင့်ရဲ များကို ကိုယ်တိုင် ရိုက်နှက်၍ အရေးယူခဲ့ပြီးနောက် အခြေအနေ တစ်မျိုး ပြောင်းလဲသွားခဲ့သည်။ 

အသစ်ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲ နှစ်ဦးက ထိုသို့ သောင်းကျန်းနေသည်ကို ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးနှင့် ကြိမ်ချောင်း အခြေစိုက် စခန်း (၂၄) မှ ရဲအုပ်ကျော်သူရက အမှန်တကယ် မသိခြင်းလား၊ သို့မဟုတ် ဒုရဲအုပ်နှင့် အဖွဲ့က မတရားသဖြင့် ညှစ်ယူနေသည့် ငွေမျာမှ ဝေစု ရယူပြီး မသိဟန်ဆောင် နေခြင်းလား ဟူ၍ ဒေသခံများက မေးခွန်းထုတ် နေကြသည်။ သောင်းကျန်းနေသည့် ဒုရဲအုပ်နှင့် အဖွဲ့ကို သက်ဆိုင်ရာ အာဏာပိုင် အကြီးအကဲများက တရား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus