နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေ (၄) မှ ရဲမှူး ပြည်ပြည်ဦးက ဒေသခံများထံမှ ဆက်လက်၍ ငွေညှစ်



Rohingya Eye
RB News
9.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်မြေ (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး ပြည်ပြည်ဦးသည် မတ်လ (၆) ရက်နေ့တွင် အုလ္လာမျာ (ဘ) ဦးရှကူရ် (အသက် ၂၁ နှစ်) အား ဖမ်းဆီး၍ နယ်မြေရုံးတွင် ချုပ်နှောင် ထားခဲ့သည်။ ၎င်းအား တရားမ၀င် အိမ်ထောင်ပြုထားသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ဦးဆွေတာလောမ် (ဘ) ဦးနူရ်ဂျာမာလ် (အသက် ၃၅ နှစ်) သည် နေအိမ်၏ ဟောင်းနွမ်းနေသော ၀ါးထရံများကို ပြုပြင်ခဲ့ရာ၊ ရဲမှူး ပြည်ပြည်ဦးအား အသိပေးခြင်း မရှိဟု ဆိုကာ ဖမ်းဆီး သွားခဲ့သည်။ ထို့နောက် ငွေကျပ် (၃) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရဲမှူး ပြည်ပြည်ဦးသည် အရာရှိကြီး တစ်ဦးဖြစ်သော်လည်း ကျင့်ဝတ် သိက္ခာနှင့် အညီ နေထိုင်ခြင်း မရှိဘဲ ညပိုင်းတွင် ပြည့်တန်ဆာများနှင့် ပျော်ပါးသူ တစ်ဦး ဖြစ်ပြီး၊ ဒေသခံ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်နေခြင်းမှာ နိုင်ငံတော် အတွက် လွန်စွာ သိက္ခာကျသည့် လုပ်ရပ်များ ဖြစ်သဖြင့် အထက် အာဏာပိုင်များက လိုအပ်သလို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး အမြန်ဆုံး အရေးယူသင့်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus