ကံပူး အခြေစိုက် နယ်ခြားစောင့်ရဲ တပ်ရင်းမှ တပ်ရင်းမှူးက ဒေသခံ တစ်ဦးထံမှ ငွေကျပ် သိန်း ၂၀ ညှစ်
Rohingya Eye
RB News
8.4.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သံဒါ ကျေးရွာမှ မော်လ၀ီအာချော်ဒူလ္လာ (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ဧပြီလ (၄) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ကံပူးကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ နယ်ခြားစောင့်ရဲ (၂၀) ဦးခန့် ရောက်ရှိလာပြီး၊ နေအိမ်ကို ၀န်းရံကာ ၎င်းကို ဖမ်းဆီး၍ တပ်ရင်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကို တစ်ညလုံး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ပြီး တရားမ၀င် လုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခဲ့သည်။ ၎င်းက အကြိမ်ကြိမ် ငြင်းဆိုခဲ့သော်လည်း လက်မခံဘဲ ညှဉ်းပန်း နှိပ်စက်မှုများ ဆက်လက် ပြုလုပ်ခဲ့သည်။