March 20, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သာသနာရေး ဝန်ကြီးသစ်၏ ပြောဆိုချက်ကို အစ္စလာမ် အသိုင်းအဝန်း ကန့်ကွက်

တပ်မတော်တွင် ဗိုလ်မှုးချုပ် အဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့သူ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို (ဓာတ်ပုံ - ဝေယံမိုး/ Myanmar Now)

ဖြိုးသီဟချို
April 6, 2016

ရန်ကုန် - အစိုးရသစ်၏ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုသည် ဧပြီ ၁ ရက်နေ့ ရေဒီယို အင်တာဗျူး တစ်ခုတွင် အငြင်းပွားဖွယ် အသုံးအနှုန်း တစ်ခု ထည့်သွင်း ပြောဆို ခဲ့သောကြောင့် အစ္စလာမ် ဘာသာရေး ဆိုင်ရာ အဖွဲ့များနှင့် အထင်ကရ မွတ်စလင် တချို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။

သူရဦးအောင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့က တွေ့ဆုံမေးမြန်း ထုတ်လွှင့်သည့် ဗွီအိုအေမြန်မာဌာန၏ အင်တာဗျူးတွင် စစ်အစိုးရလက်ထက် "ဧည့်နိုင်ငံသားတွေ အများစု ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ အပါအ၀င် အခြား ဘာသာငယ်တွေ အပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ် ချုပ်ချယ်တာမျိုးတော့ မရှိခဲ့ပါဘူး" ဟူသော ပြောဆိုချက်ပါ အသုံးအနှုန်းမှာ လက်ခံနိုင်စရာမရှိဟု ကန့်ကွက်သူများက ဝေဖန်ကြသည်။

အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်၊ တွဲဘက်အထွေထွေအတွင်းရေးမှုးချုပ် ဦးဝဏ္ဏရွှေက "ဧည့်နိုင်ငံသား" ဟူသော စကားလုံးကြောင့် စိတ်ထိခိုက်ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို ဒီနိုင်ငံသားမဟုတ်ဘူးလို့ပြောတာ ကျွန်တော်တို့ရဲ့ နိုင်ငံချစ်စိတ်ကို စော်ကားတာပဲ။ ကျွန်တော်တို့ရဲ့ အခြေအနေမှန်ကို ထိခိုက်အောင် နာကျင်အောင်ပြောတာပဲ၊ ကျွန်တော်တို့ ခံရတော်တော်ခက်ပါတယ်” ဟု ရန်ကုန်မြို့ဇာတိ အသက် ၅ဝ ကျော်အရွယ် ဦးဝဏ္ဏရွှေက ပြောသည်။

ဦးဝဏ္ဏရွေတို့၏ကောင်စီအပါအဝင် နိုင်ငံအတွင်း အစ္စလာမ်အဖွဲ့အများအပြား ပူးပေါင်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဧပြီလ ၃ရက်နေ့တွင် ကန့်ကွက်ကြောင်း ကြေညာလိုက်ပြီး အမြန်ဆုံး ဖြေရှင်းချက်ပေးရန် ဝန်ကြီးဌာနကို တောင်းဆိုလိုက်သည်။

အစိုးရသစ်၏ အနေအထားကို နားလည်သော်လည်း ဘာသာမတူသူ နိုင်ငံသားများအကြား ရေရှည်တွင် သဘောထားကွဲစရာ ဖြစ်လာနိုင်သည့်အတွက် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကိစ္စမျိုး ဖြစ်နေတော့ မဖြစ်မနေ ပြောရတာပါ။ ကျန်တာဆိုရင်တော့ နိုင်ငံရဲ့ အခြေအနေအပေါ်လိုက်ပြီးတော့ နှုတ်ဆိတ်နေတာတွေ အများကြီးရှိပါတယ်“ ဟု သူက ဆိုသည်။

ဝန်ကြီး၏ အငြင်းပွားဖွယ်ဖြစ်နေသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို Myanmar Now က ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာပါ ဖြေရှင်းချက်ကိုသာ ညွှန်းဆိုခဲ့သည်။

ညွှန်းဆိုသည့် ဖြေရှင်းချက်တွင် အစိုးရဟောင်း၏ သာသနာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ တွင် “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့အစ္စလာမ်ဘာသာ” ဟု“ထပ်မံ ဖြည့်စွက်” ဖြေကြားကြောင်း ရေးသားထားသည်။

အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမားတို့၏ တုန့်ပြန်ချက်

သူရဦးအောင်ကို၏ စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်ပြီး သူ့ကို ဝန်ကြီးအဖြစ် စိတ်ကြိုက် ရွေးချယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် တာဝန်ရှိသည်ဟု အစ္စလာမ်ဘာသာဝင်အများအပြားနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီ၏ ဥပဒေရေးရာ တာဝန်ခံ ဦးရန်နိုင်က ယူဆသည်။

“ပါတီမှာတာဝန်ရှိပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ ဒီဝန်ကြီးကို ခန့်ထားတယ်။ အခု ဒီဝန်ကြီးက ဒီလိုစကား ပြောလာတာ NLD က ပြောခိုင်းတာလား၊ NLD က တာဝန်ယူမှာလား၊ NLD ကအရေးယူမှာလား ဘယ်လို ဖြေရှင်းမလဲ၊ အဲဒါကိုလည်း စောင့်မျှော်နေပါတယ်” ဟု ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလအထိ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် NLD ၏ မြို့နယ်အဆင့် စည်းရုံးရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရန်နိုင်က ပြောသည်။

NLD ၏ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ရှေ့နေဦးကိုနီကလည်း သူရဦးအောင်ကို၏ ပြောကြားချက်သည် ပါတီ၏ မူဝါဒနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

“နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းက ဘာသာရေးနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူ့ပြောဆိုချက်တွေဟာ အခြေခံဥပဒေနဲ့လည်း မညီညွတ်ဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလောက်တော့ သိဖို့ကောင်းတယ်ဗျာ။ သူ့စကားကြောင့် ကျွန်တော်တို့ပါတီအပေါ်ကို အများကြီးရိုက်ခတ်မှုရှိနေတယ်” ဟု ဦးကိုနီက ပြောသည်။

ဝန်ကြီး၏ ပြောဆိုမှုများသည် ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာချက်ထုတ်ပြန် ရှင်းလင်းသင့်ကြောင်း NLD ကို တင်ပြထားသည်ဟု သူက ဆက်ပြောသည်။

တပ်မတော်တွင် ဗိုလ်မှုးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဗဟိုအစိုးရဝန်ကြီး သူရဦးအောင်ကိုသည် ယခင် စစ်အစိုးရလက်ထက် သာသနာရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ကာလ ကြာရှည်စွာ တာဝန်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် သူရဦးရွှေမန်းနည်းတူ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းနေရာမှ ဖယ်ရှားခံရသူလည်း ဖြစ်သည်။

သူရဦးအောင်ကိုက ၎င်းသည် ပြည်ခိုင်ဖြိုးတွင် ပါတီဝင် တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus