နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မ ရဲစခန်းမှ ဒုတကက စံထွန်းသိန်းက ဒေသခံ တစ်ဦးကို လုပ်ကြံစွပ်စွဲ ဖမ်းဆီး ငွေညှစ်



RB News
19.4.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်အောက်ခံ နယ်မြေ ဖြစ်သည့် ရွာမ ကျေးရွာမှ ဦးမာမတ်ဟူဆောင်း (ဘ) ဦးအလီ ကို ဘူးသီးတောင် မြို့နယ် အနောက်ရပ်ကွက်မှ မရှော်မ်ရှီဒါဘေဂမ်နှင့် တရားမ၀င် ပေါင်းသင်းနေသည်ဟု ဆိုကာ ဧပြီလ (၈) ရက်နေ့က ဘူးသီးတောင် မြို့မ ရဲစခန်းမှ အနောက်ရပ်ကွက် တာဝန်ခံ ဒုတပ်ကြပ်ကြီး စံထွန်းသိန်းက လက်ထိပ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက် ရာအိမ်မှူး ဦးအာရောဖာယာ၏ နေအိမ်သို့ ခေါ်ဆောင် သွားကာ ထိုမှတဆင့် မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ယင်းနေ့ ညနေ (၅) နာရီအချိန်တွင် ငွေကျပ် ၅ သိန်း ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အမှန်တကယ် တရားမ၀င် ပေါင်းသင်း နေသူမှာ ဒုတပ်ကြပ်ကြီး စံထွန်းသိန်း ဖြစ်ပြီး၊ ၎င်းသည် အနောက်ရပ်ကွက် တာဝန်ခံ ဖြစ်သည်ကို အခွင့်ကောင်းယူ၍ မရှော်မ်ရှီဒါဘေဂမ်၏ နေအိမ်သို့ နေရောညပါ ၀င်ရောက်၍ အတင်းအဓမ္မ ပေါင်းသင်းနေသည်ကို ရပ်ကွက်သူ/သား များက သိရှိသော်လည်း မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရမည်ကို စိုးရိမ်၍ မပြောဝံ့ ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus