နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် စေတီတောင် ဆေးရုံမှ ဆရာဝန်က ရိုဟင်ဂျာများကို ဆေးကုသ မပေး



RB News
12.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် စေတီတောင် နယ်မြေတွင် ရခိုင်ရွာ (၁၂) ရွာနှင့် ရိုဟင်ဂျာရွာ (၁၅) ရွာ ရှိပြီး၊ စေတီတောင် နယ်မြေရှိ ဆေးရုံတွင် တာဝန်ကျနေသည့် ဆရာဝန် ဒေါက်တာမောင်မောင်ဝင်းက ရခိုင်လူမျိုး များကိုသာ ဆေးကုသပေးပြီး၊ ရိုဟင်ဂျာ လူမျိုးများကို ဆေးကုသပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ဆရာဝန်က လူမျိုးခွဲခြားပြီး ရခိုင်တွေကိုသာ ဆေးကုပေးတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို ဆေးမကုပေးဘူး။ ဒီလိုလုပ်နေတာ သူပြောင်းလာကတည်းကပါ။ ဆေးကုလို့ မရတော့ ရောဂါဒဏ် ခံနေရတယ်။ တခါတရံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ကလေး မမွေးဖွားနိုင်ဘဲ သေဆုံးတာတွေ အထိ ရှိနေတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခုကဲ့သို့ လူမျိုး ခွဲခြား၍ ဆေးကုသ မပေးသော ဆရာဝန်ကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ စီစစ်၍ လိုအပ်သလို ဆောင်ရွက်ပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus