နောက်ဆုံးသတင်း/ဆောင်းပါးများ

ခြေမြန်တပ်ရင်း ၅၅၂ မှ ဗိုလ်ကြီးများက ဒေသခံများကို ရိုက်နှက်၊ ဆိုင်ကယ် တစ်စီး လုယက်



MYARF
RB News
7.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇာ အခြေစိုက် အမှတ် (၅၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး သန်းမြင့်အောင်၊ ဗိုလ်ကြီးကျော်သူအောင်နှင့် တပ်တာဝန်ခံ ဗိုလ်ကြီး တစ်ဦးတို့သည် ဒေသခံ ရိုဟင်ဂျာများကို ထိုးကြိတ် ရိုက်နှက်၍ ဆိုင်ကယ် တစ်စီးလုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ငါးရန့်ချော်ငး ယင်းမရွာမှ ဦးမာမတ်ဇာဟိတ်သည် တောင်ဘဇာဈေးတွင် ဆိုင်ခန်းဖွင့်လှစ်၍ ဆိုင်ကယ် ပြုပြင်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပြီး မေလ (၂၉) ရက်နေ့ ည ၈း၃၀ နာရီ အချိန်ခန့်တွင် ၎င်း၏ ဆိုင်ခန်းပိတ်ပြီး ဆိုင်ကယ်တစ်စီးဖြင့် အိမ်သို့ အပြန်လမ်းတွင် ခြေမြန်တပ်ရင်း (၅၅၂) မှ ဗိုလ်ကြီး အဖွဲ့က ၎င်းကို ရပ်တန့်ခိုင်းပြီးနောက် အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်၍ ၎င်း၏ ဆိုင်ကယ်ကို အတင်းအဓမ္မ လုယက်ခဲ့ကြောင်း၊ ဗိုလ်ကြီးနှင့် အဖွဲ့သည် အရက်သေစာ သောက်သုံးထားပြီး၊ ဆိုင်ကယ် လုယက်သည့် အပြင် သင်္ဂနား၊ ယင်းမချောင်းတောင်၊ တောင်ဘဇာ ကျေးရွာများမှ လမ်းတစ်လျှောက် တွေ့သမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာ (၁၀) ဦးကိုလည်း မတရားသဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus