နောက်ဆုံးသတင်း/ဆောင်းပါးများ

ခရိုင်သစ်တော ၀န်ထမ်း ဦးသန်းနိုင်က ထင်းသမားများထံမှ ငွေညှစ်၊ ထင်းများ သိမ်းဆည်း



Rohingya Eye
RB News
7.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ ထင်းခုတ်သမား များထံမှ မောင်တော ခရိုင် သစ်တော ဦးစီးဌာနမှ ဇော်မတက် တာဝန်ကျ ၀န်ထမ်း ဦးသန်းနိုင်က ထင်းတစ်စည်းလျှင် ငွေကျပ် ၂၅၀ စီ ကောက်ခံလျက် ရှိပြီး၊ ငွေမပေးနိုင်သည့် ထင်းသမားများထံမှ ထင်းစည်းများ အတင်းအဓမ္မ သိမ်းဆည်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယခင်က ထင်းခုတ်သမား တစ်ဦးလျှင် ငွေကျပ် တစ်ထောင်စီ တောအုပ်ကို ပေးသွင်း၍ တောင်တန်းမှ ထင်းခုတ်နိုင်ခဲ့ပြီး၊ ယခုအခါ ဦးသန်းနိုင်ဆိုသူ ရောက်လာသည့်နေ့မှ စ၍ မတရားသဖြင့် ကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇွန်လ (၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် သံဒါရွာမှ ဆရာဦးဆိဒိတ် (ဘ) ဦးဟာမိတ်ဟူဆောင်း (အသက် ၂၅ နှစ်) သည် ထင်းခုတ်၍ ထင်းစည်း (၄၀) စည်းယူလာစဉ် ဦးသန်းနိုင်က ပါမစ်မပါဘဲ ထင်းခုတ်သည်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။ ယင်းနေ့တွင်ပင် သံဒါရွာမှ အဒူရော်ဟိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၂၃ နှစ်) ၏ ထင်း (၄၄) စည်း အတွက် ငွေကျပ် တစ်သောင်းတစ်ထောင်၊ ဦးကော်ဘိရ်အာမတ် (ဘ) ဦးရော်ရှိတ်အာမတ်၏ ထင်း (၇၀) စည်းအတွက် ငွေကျပ် တစ်သောင်းခုနှစ်ထောင် ညှစ်ယူခဲ့သည်။

ထို့အပြင် ရှာအာလောမ် (ဘ) ဦးဟာဆောင်း (အသက် ၂၇ နှစ်) ၏ ထင်း (၇၀) စည်းနှင့် ဦးအာဘူဆိဒိတ် (ဘ) ဦးအလီ (အသက် ၅၀ နှစ်) ၏ ထင်း (၂၀) စည်းတို့ကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။ ငွေညှစ်ခံရသူများနှင့် ထင်းသိမ်းဆည်းခံရသူ များအားလုံးသည် ဆင်းရဲသားများ ဖြစ်ကြပြီး ထင်းရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။

Comment ရေးရန်

Rohingya Exodus