နောက်ဆုံးသတင်း/ဆောင်းပါးများ

ပအိုးသည်မ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းသာ က ဒေသခံများထံမှ ငွေညှစ်

MYARF
RB News
24.8.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ပအိုးသည်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းသာ သည် အနီးတ၀ိုက်ရွာများရှိ ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေကျပ် ၃၅၅၀၀၀/- ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

(၁) ဇူလိုင်လ (၁၃)ရက်နေ့က ပြိုင်းတောင် ကျေးရွာမှ ဦးမာမတ်ကာဆိမ်း (ဘ) ဦးဖော်ဇောလ်အာမတ် (အသက် ၅၀ နှစ်) အား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းသာ ပိုင်သည့် စားကျက်မြေကွက်တွင် နွားကျောင်းခဲ့သည်ဟု စွပ်စွဲ ပြောဆို၍ ငွေကျပ် ၄ သောင်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

(၂) ဇူလိုင်လ (၂၀)ရက်နေ့က ဒုအိုးသည်မ ကျေးရွာမှ ဦးအာမီရောမန် (ဘ) ဦးဆွေဒူရော်မာန် (အသက် ၃၀ နှစ်) ကို ၎င်း၏ နွားများ လမ်းပေါ်ရှိ တံတားကို ဖြတ်သန်းသွားသည်ဟု ပြောဆို၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

(၃) သြဂုတ်လ (၅) ရက်နေ့က ဒုအိုးသည်မ ကျေးရွာမှ ဦးဘော်ဆိရ်အာမတ် (ဘ) ဦးရှီကာန်ဒေါရ် (အသက် ၄၀ နှစ်) အား ၎င်းပိုင် လယ်မြေနှင့် ကပ်လျက်ရှိသည့် အုပ်ချုပ်ရေးမှူး ပိုင်သည့် လယ်ယာမြေ ပေါ်တွင် ကျူးကျော်ထွန်ယက်ခဲ့သည်ဟု ပြောဆို၍ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့သည်။

(၄) သြဂုတ်လ (၇) ရက်နေ့တွင် ရွှေထားကျေးရွာမှ မော်လ၀ီ ဦးမူဇာဖောရ် (အသက် ၅၀ နှစ်) ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ အုပ်ချုပ်ရေးမှူး ပိုင် ငါးမွေးမြူရေးကန်တွင် ကွန်ပိုက်ဖြင့် ငါးခိုးခဲ့သည်ဟု စွပ်စွဲပြောဆို၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။



Comment ရေးရန်

Rohingya Exodus