နောက်ဆုံးသတင်း/ဆောင်းပါးများ

လူပျောက်ကြော်ငြာ ။ ။ မောင်တော မြို့မှ ၁၀ နှစ်အရွယ် ရိုဟင်ဂျာ မိန်းကလေး တစ်ဦး ပျောက်ဆုံးနေ




Rohingya Eye
RB News
25.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာအုပ်စု၊ ဆီးသီးလ္လာရွာမှ ဦးနူရ်ဟူဆောင်းသည် မြို့မတောင်ရပ်ကွက် အီးဒ်ဂါ (စုပေါင်း ၀တ်ပြုသည့် ရင်ပြင်) ၏ တောင်ဘက်တွင် စက်ဘီးပြင်ဆိုင် ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကွယ်လွန်သွားခဲ့သည်။ 

သြဂုတ်လ (၁၇) ရက်နေ့တွင် ၎င်း၏ အသက် ၁၀ နှစ် အရွယ် သမီးဖြစ်သူ မနုရ်ရှော်ဟီးနာသည် အိမ်အပြင်သို့ ခဏထွက်သွားရမှ ယခုအချိန်ထိ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း၊ စုံစမ်း၍ သတင်း တစ်စုံတစ်ရာလည်း မရရှိသဖြင့် မိသားစုဝင်များက အလွန် စိတ်ပူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဓါတ်ပုံပါအတိုင်း ကလေးငယ်ကို တွေ့ရှိပါက ဖခင်ဖြစ်သူထံ အကြောင်းကြား ပေးပါရန် RB News မှ မေတ္တာရပ်ခံအပ်ပါသည်။


Comment ရေးရန်

Rohingya Exodus