March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အထက်ကျွဲကြိုမော် အုပ်ချုပ်ရေးမှူးက ရွာသားများထံမှ ငွေသိန်းချီ ညှစ်

MYARF
RB News
19.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အထက်ကျွဲကြိုမော် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဒေသခံ ရွာသား (၁၄) ဦးထံမှ ငွေကျပ် (၁၅) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲကြိုမော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းလင်း (ဘ) ဦးရွှေမောင်သည် စက်တင်ဘာလ (၁၀) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူး (ကျေးရွာတာဝန်ခံ) ဦးဆော်လိမ်၊ ရာအိမ်မှူး (၄) ဦးတို့နှင့် အတူ ရိုဟင်ဂျာရွာအတွင်းသို့ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ကျေးရွာတွင် ဆူပူသောင်းကျန်းအောင် ပြုလုပ်နေသည်ဟု သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ မတရားသဖြင့် လုပ်ကြံဖန်တီး၍ စွပ်စွဲပြောဆိုကာ ငွေတောင်းခံခဲ့ကြောင်း၊ ငွေမပေးပါက မြို့နယ် အုပ်ချုပ်ရေးသို့ ကျေးရွာ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရန် ကြံစည်မှုနှင့် အစီရင်ခံ တင်ပြမည်ဟု ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့ကြောင်း၊ မတရားသဖြင့် ခြိမ်းခြောက်ခံခဲ့ရသည့် ရွာသားများကလည်း စာရင်းပါသွားလျှင် သက်ဆိုင်ရာမှ တရားမျှတစွာ စုံစမ်းစစ်ဆေးမှုမရှိဘဲ အရေးယူခံရမည်ကို စိုးရိမ်ကြောင့်ကြ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က တောင်းခံနေသည့် ငွေပမာဏကို ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

အုပ်ချုပ်ရေးမှူးနှင့် အတူ လိုက်ပါသွားသည့် ရာအိမ်မှူး များမှာ --

(၁) ဦးကာလာမျာ (ဘ) ဦးဟော်လိလ်
(၂) ဦးမာမတ်ဂျော်မိလ် (ဘ) ဦးအီဆုပ်
(၃) ဦးဟာဘီအုလ္လာ (ဘ) ဦးဆော်လာမတ်
(၄) ဦးဂျော်မိလ် (ဘ) ဦးတာဟဲရ် -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူ ရွာသား (၁၄) ဦးမှာ --

(၁) ဦးနုရုလာမိန် (ဘ) ဦးအဒူလာမိန် (အသက် ၃၅ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း)
(၂) ဦးအာနိုဝါရ် (ဘ) ဦးဒေါ်လီရာမတ် (အသက် ၂၈ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၃) ဦးအဘုလ်ကာဆိမ်း (ဘ) ဦးနာဂူမျာ (အသက် ၃၀ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၄) ဦးအဘုလ်ကာဆိမ်း (ဘ) ဦးဟူဆောင်း (အသက် ၂၇ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၅) ဦးအာဘူတာဟေရ် (ဘ) ဦးအီမာန်ရှော်ရိဖ် (အသက် ၃၃ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၆) ဦးနုရ်အာလောမ် (ဘ) ဦးကာလာမျာ (အသက် ၃၆ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၇) ဦးရှော်ဖီအုလ္လာ (ဘ) ဦးဆော်လာမတ် (အသက် ၃၅ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၈) ဦးမုခ်တာရ်အာမတ် (ဘ) ဦးဆွေတာမတ် (အသက် ၅၆ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၉) ဦးအဘုလ်ဖော်ယာစ် (ဘ) ဦးအဘုလ်ဟူဆောင်း (အသက် ၃၀ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၁၀) ဦးအဒူလ္လာ (ဘ) ဦးဒိလ်မာမတ် (အသက် ၃၅ နှစ်) (ညှစ်ခံရငွေကျပ် နှစ်သိန်း)
(၁၁) ဦးမာဆော်လာမ် (ဘ) ဦးဘာရိုး (အသက် ၄၅ နှစ်) (ညှစ်ခံရငွေကျပ် သုံးသိန်း)
(၁၂) ဦးလာလ်မျာ (ဘ) ဦးဟူဆောင်းအလီ (အသက် ၂၈ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၁၃) ဦးအာဇော်လ်ကော်ရိမ်း (ဘ) ဦးဆွေယာဒ်ကော်ရိမ်း (အသက် ၃၀ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၁၄) ဦးလူလာမိန်း (ဘ) ဦးအလီအာဘောရ် (အသက် ၅၂ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း) -- တို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးလင်းလင်းသည် အုပ်ချုပ်ရေးမှူး ရာထူးဖြင့် ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လာသည်မှာ ၂၀၀၇ ခုနှစ်ကစ၍ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus