March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

ကျောက်ပြင်ဆိပ် အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်

MYARF
RB News
19.9.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ရွာသူ/သား များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟာလေစ်အာမတ် က အမှုတစ်ခုပေါ်တိုင်း ယင်းကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် အနည်းဆုံး နယ်ခြားစောင့်ရဲ (၃) ဦး ခေါ်ယူပြီး မဟုတ်မမှန် ခြိမ်းခြောက်ခိုင်းကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုရှိ လဘက်ရည်ဆိုင် ပိုင်ရှင်များ ဖြစ်ကြသည့် (၁) အဘူကာလာမ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၁၈ နှစ်) (၂) အီနုစ် (ဘ) ဦးကာမာလ် (အသက် ၂၈ နှစ်) နှင့် (၃) ဂျမာလ် (ဘ) ဦးအဒူရှကုရ် (အသက် ၂၉ နှစ်) တို့ (၃) ဦးထံမှ အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်သူ ရပ်မိရပ်ဖ ဦးဟာဘီအုလ္လာက ငွေကျပ် တစ်သောင်းစီကို အုပ်ချုပ်ရေးမှူး၏ ကိုယ်စား ကောက်ခံခဲ့သည်။ လဘက်ရည်ဆိုင်တွင် Laptop ဖွင့်ခွင့် ပေးထားသော်လည်း နယ်ခြားစောင့်ရဲ (၃) ဦး ခေါ်ယူကာ မတရားသဖြင့် ဖမ်းဆီး၍ ငွေကျပ် ၈၀၀၀ စီ ဒဏ်ခတ်ခဲ့သည်။ ထို့အပြင် ကလေးများကို ဒန်းစီးပြနေသူ ရှောမ်ရှုအာလောမ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၂၂ နှစ်) ထံမှလည်း အကြောင်းမဲ့ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။

ကုရ်ဘာနီ ရက်အတွင်းတွင်လည်း သားကောင်တစ်ကောင်လျှင် ငွေကျပ် ၇၀၀၀ မှ ၈၀၀၀ ကျပ်စီ ကောက်ခံခဲ့သည်။

စက်တင်ဘာလ (၁၇) ရက်နေ့တွင် လူငယ်နှစ်ဦး ရန်ဖြစ်ခဲ့ကြရာ အရိုက်ခံရသူ အဒူမာလေခ် (ဘ) ဦးဟာဆူ (အသက် ၂၀ နှစ်) က ရိုက်သူ အေဟ်ဆာန် (ဘ) ဦးဖော်ဇော်လ် (အသက် ၁၅ နှစ်) အတွက် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။ အုပ်ချုပ်ရေးမှူးက တရားခံဖြစ်သူ၏ ညီအစ်ကို (၃) ဦးကို ရုံးသို့ ဆင့်ခေါ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လွှဲအပ်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် ဥပဒေစိုးမိုးရေးကို မစဉ်းစား မဆောင်ရွက်ဘဲ ၎င်း၏ မိသားစု ကြီးပွားချမ်းသာရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ အုပ်ချုပ်ရေးမှူး ရာထူးရလာသည့် ငါးလတာ ကာလအတွင်း ပေးနေသည့် ဒုက္ခများပင် မခံစားနိုင်လျှင် လာမည့် ငါးနှစ်တာ ကာလတာ အတွင်း မည်ကဲ့သို့ ပြုလုပ်ရမည်ကို စဉ်းစား၍ပင် မရနိုင်ကြောင်း၊ ရွာသားများ အားလုံး ဥစ္စာပစ္စည်းများ အားလုံး အုပ်ချုပ်ရေးမှူးကို အပိုင်ပေး၍ ထွက်ပြေးရမည့် အနေအထားပင် ဖြစ်နေသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus