April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လောင်းဒုံ ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ မိန်းကလေး နှစ်ဦးကို စစ်သားများက မုဒိန်းကျင့်၊ ပစ္စည်းများ လုယက်

MYARF

RB News
23.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ စစ်သားများ ၀င်ရောက်ပြီး ဒေသခံရိုဟင်ဂျာများ၏ ပစ္စည်းများ လုယက်ခဲ့သည့်အပြင် အသက် (၁၈) နှစ် အရွယ် မိန်းကလေး နှစ်ဦးကို မုဒိန်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင် ကျောင်းတွင် စခန်းချနေထိုင်သည့် စစ်သားများသည် လောင်းဒုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော်၊ စေတီပြင်နှင့် ဆင်သေပြင်ရွာများမှ ရာအိမ်မှူးများကို ဆင့်ခေါ်၍ ရွာအတွင်း အကြမ်းဖက်မှု သင်တန်းတက်ရောက်ခဲ့သော အစွန်းရော်ကများကို ရာအိမ်မှူးများက ဖမ်းဆီးပေးရမည်ဟု ပြောခဲ့သည်။ ရာအိမ်မှူးများက ၎င်းတို့၏ ရွာများတွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများ မရှိကြောင်း ပြန်လည် ရှင်းပြသော်လည်း စစ်သားများက ရာအိမ်မှူးများက ဖမ်းဆီးမပေးလျှင် တစ်ရွာလုံးကို စစ်ဆင်ရေး ပြုလုပ်ကာ တွေ့သမျှလူကို ဖမ်းဆီးမည်ဖြစ်ကြောင်း၊ အိမ်များကိုလည်း မီးရှို့ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

ထိုသို့ ခြိမ်းခြောက်မှုကြောင့် ရွာအတွင်းရှိ အမျိုးသားများ အားလုံး တိမ်းရှောင်သွားခဲ့သည်။ နံနက် ၁၁း၃၀ နာရီ အချိန်တွင် စစ်သား (၇) ဦးနှင့် န.တ.လ ရွာမှ လူငယ်အချို့သည် စေတီပြင်အောက်ရွာသို့ သွားရောက်၍ အုပ်စုနှစ်စုခွဲကာ ဦးနူရ်အာလောမ်နှင့် ဦးအေဇာရ်ဟူစိန်း တို့၏ နေအိမ်များကို ၀င်ရောက်၍ အိမ်သားများကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် အသက် (၁၈) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို စစ်သားများနှင့် န.တ.လ ရွာသား အုပ်စုနှစ်စုက မုဒိန်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မုဒိန်းကျင့်သည့် သတင်းကြောင့် ရွာအတွင်းရှိ အမျိုးသမီးများ၊ ကလေးများ အားလုံး ရွာမှထွက်၍ အခြားရွာများသို့ သွားရောက် ခိုလှုံနေကြသည်။ 

စစ်သားများနှင့် န.တ.လ ရွာသားများသည် ရွာတွင် လူမရှိတော့သည်ကို အခွင့်ကောင်းယူ၍ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပစ္စည်းများကို အလုအယက် သယ်ဆောင် သွားပြီး၊ နေအိမ်များ၏ အစိတ်အပိုင်း အချို့ကိုလည်း ဖျက်ဆီးသွားကြောင်း သိရှိရသည်။ 

စစ်သားများသည် နေအိမ်များ မီးရှို့ခြင်း၊ ရိုက်နှက် သတ်ဖြတ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း အပြင် မုဒိန်းကျင့်ခြင်းကိုလည်း လက်နက်တစ်ခု သဖွယ် အသုံးချလျက်ရှိသည်။ 

ယနေ့ လူမဆန်စွာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးငယ်များ၏ အမည်များနှင့် အခြား အချက်အလက်များကို RB News မှ လက်ခံရရှိခဲ့သော်လည်း အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ငှဲ့ကွက်၍ ဖော်ပြမည် မဟုတ်ဘဲ၊ သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများထံ ပေးပို့သွားမည် ဖြစ်သည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus