နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့သို့ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ စက်လှေ ၃ စီးဖြင့် ခိုးဝင်

Rohingya Eye
RB News
7.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာအုပ်စုရှိ ရခိုင်ရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ အများအပြား တရားမ၀င် ခိုးဝင် လာကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များသည် စက်လှေ ၃ စီး ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်ပြူးမ (ခါးဆားဘီလ်) ကျေးရွာအုပ်စု၊ ရခိုင်ရွာသို့ တရားမ၀င် ခိုးဝင် ၀င်ရောက်လာကြောင်း ဒေသခံများက RB News သို့ပြောသည်။

“သူတို့က ဒီလိုပဲ အမြဲခိုးဝင်နေကျ၊ အခုတစ်ခါတော့ စက်လှေ ၃ စီး အပြည့်နဲ့ အများကြီး ၀င်လာတယ်။ သူတို့တွေ ဘာကြောင့် ၀င်လာတယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ ခိုးဝင်နေသည်ကို နယ်ခြားစောင့်ရဲ များက တွေ့ရှိသော်လည်း စစ်ဆေး မေးမြန်းခြင်း မရှိသဖြင့် အလွန်စိတ်ပျက်ရကြောင်း၊ ယခုကဲ့သို့ တရားမ၀င် ခိုးဝင်ပြီး အကြမ်းဖက် လုပ်ငန်းများ လုပ်ပါက နိုင်ငံအတွက် အလွန်အန္တရာယ်ရှိကြောင်း၊ ယခုကဲ့သို့ စက်လှေ ၃ စီး အပြည့် ၀င်ရောက်လာသဖြင့် အခြေအနေကို စိုးရိမ်လျက် ရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။


မောင်တောမြို့ တရားမ၀င် ခိုးဝင်နေသည့် ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင်များ


Comment ရေးရန်

Rohingya Exodus