March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဥဒေါင်းမှ ဒေသခံ ရွာသား (၃) ဦးထံမှ စစ်သားများက ငွေညှစ်

MYARF
RB News
16.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ညမထွက်ရ အမိန့် ချိုးဖောက်သည်ဟု ဆိုကာ စစ်သားများက ငွေညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် ဒီဇင်ဘာလ (၁၄) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ပုဇွန်ကန်၌ ငါးဖမ်းနေစဉ် စစ်သားများက ညမထွက်ရ အမိန့် ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။ 

ထို့နောက် ကျေးရွာတာဝန်ခံ ဦးရှောဘိရ် (ဘ) ဦးဆိဒိတ်ကို ခေါ်ပြီး ဖမ်းဆီးထားသူ (၃) ဦး စလုံး ဥဒေါင်း ကျေးရွာသားများ ဟုတ်/မဟုတ် မေးမြန်းရာ ကျေးရွာတာဝန်ခံက ၎င်း၏ ရွာသားများ ဟုတ်မှန်ကြောင်း ဖြေကြားခဲ့သည်။ 

ထို့နောက် စစ်သားများက ၎င်းတို့ (၃) ဦးထံမှ ငွေကျပ် (၅)သိန်း ယူပေး၍ ကျေးရွာတာဝန်ခံကို ပြော၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ကျေးရွာတာဝန်ခံနှင့် မြောက်ရွာမှ မာမတ်တော်ယုဖ် (ဘ) ဦးဆော်လီမူလ္လာနှင့် အီဆုပ်ဇော်လာလ် (ဘ) ဦးရှုနားအာမတ် တို့က ဖမ်းဆီးခံခဲ့ရသူ (၃) ဦးထံမှ ငွေကျပ် ၅ သိန်း အစား ၁၉ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ငွေကြေး အသင့်အတင့် တတ်နိုင်သူ တစ်ဦးထံမှ ငွေကျပ် ၉  သိန်းနှင့် ကျန်နှစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ယူခဲ့သည်။ ငွေကြေး အသင့်အတင့် တတ်နိုင်သူ အတွက် ပြဿနာ မဟုတ်ခဲ့သော်လည်း နွားတစ်ကောင်ကို ငွေကျပ် ၉  သိန်းဖြင့် ရောင်းချ၍ ပေးခဲ့ရပြီး၊ ဆင်းရဲသား နှစ်ဦးမှာ ငွေကျပ် ၅ သိန်းစီ မတတ်နိုင်၍ ၎င်းတို့၏ အိမ်ယာမြေများကို ဆွေမျိုးများထံ ပေါင်နှံ၍ ငွေပေးခဲ့သည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က တရားမ၀င် ဆောက်လုပ်ခဲ့သည့် နေအိမ်များကို ဖျက်ပစ်ရန် အတွက် အမိန့်ထုတ်ပြန်ခဲ့ရာ ဥဒေါင်း ကျေးရွာမှ အိမ် (၁၀) လုံး ပါဝင်ကြောင်း သိရှိရသည်။ ကျေးရွာတာဝန်ခံနှင့် ၎င်း၏ တပည့်နှစ်ဦးတို့က ရွာသား ၁၀၀ ကျော်ကို နေအိမ်များ ဖျက်ရမည့် စာရင်းတွင် ပါဝင်နေသည်ဟု လိမ်လည် ပြောဆို၍ ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်းမှ သုံးသိန်းထိ ညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus